လူအများစု မြင်ဖူးသလိုရှိလောက်သော အယ်နာ့လာကျောက်တုံးရဲ့ သဘာဝဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့အကြောင်း
Unicode
ဒီကျောက်တုံးရဲ့ ထူးဆန်းတဲ့အချက်က သူ့ကို ပုံမှာမြင်လိုက်ရတာနဲ့ တန်းသိပါတယ်။ လွှစက်နဲ့ ဖြတ်ရင်တောင် ဒီလို တိကနဲဖြစ်နေဖို့ မလွယ်တဲ့ကျောက်တုံးကို သဘာဝအတိုင်းဖြစ်နေတယ်လို့ ပြောရင် ဘယ်သူမှမယုံကြပါဘူး။
ဆော်ဒီအာရေဘီးယားမှာရှိတဲ့ အယ်နာ့လာကျောက်တုံးကို လူအများစု သတ်မှတ်ထားတာက အချိန်ခရီးသွားတွေရှိတယ်ဆိုပြီးတော့ပါ။ ယုံတမ်းစကားတွေက အနာဂတ်ကာလက နည်းပညာနဲ့ ညီညီညာညာဖြတ်ထားတဲ့ ကျောက်တုံးကို အလေးချိန်ညီနေအောင် လုပ်ခဲ့ပြီး
ရှေးခေတ်ကို ပြန်လာထားတယ်ဆိုပြီး၊ ပြောနေကြပါတယ်။တကယ်တော့ မဟုတ်ပါဘူး။ ဒီကျောက်တုံးကို သဘာဝအတိုင်းဖြစ်နေတာလို့ ပညာရှင်တွေက အတည်ပြုထားပြီး၊ ဆန်းကြယ်မှုတစ်ခုပဲလို့ ဆိုပါတယ်။
အောက်ခံ ဖောင်ဒေးရှင်းကျောက်တုံးလေးတွေက အခြေမျှအောင် လုပ်ပေးထားတာကအစ လူသားတွေအနေနဲ့ လုပ်ဖို့ ခက်ခဲလွန်းတဲ့အတွက် ဒီလို မျှခြေဖြစ်နေအောင် ဘယ်အရာ စွမ်းဆောင်နေလဲဆိုတာကို အဖြေရှာခဲ့ကြပါတယ်။
တစ်ခုစီသတ်သတ်ဖြစ်နေတဲ့ ကျောက်တုံးတွေက မီးတောင်က ပျော်ကျလာတဲ့ သတ္ထုအပျော့စားတစ်ခု ကွဲထွက်ရာကနေ ဒီပုံစံဖြစ်လာတာလို့ ဆိုပါတယ်။
နဂိုက တစ်ခုတည်းဖြစ်ပြီး ရုတ်တရက် ကွဲသွားချိန်မှာ ညီညာလွန်းတဲ့ အလယ်မျက်နှာပြင်ကို သဘာဝအတိုင်းဖန်တီးပေးခဲ့တာဖြစ်ပြီး၊ လေဖိအားက အပြင်ကို ဆွဲတာပဲဖြစ်ဖြစ်၊ တွန်းတာပဲဖြစ်ဖြစ် တစ်ခုခုပြင်းပြင်ထန်ထန်သက်ရောက်ရမယ်လို့ သိရပါတယ်။
ချိန်သားကိုက်ဖြစ်သွားချိန်မှာတော့ ထူးဆန်းတဲ့ ကျောက်တုံးဖြစ်လာခဲ့တဲ့အတွက် ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လူတော်တော်များများက ထူးဆန်းတဲ့ကျောက်တုံးအနေနဲ့ ခရီသွားတွေကို ဆွဲဆောင်ထားတယ်လို့ဆိုပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *