လက်မတင်လေး သေဘေးကလွတ်မြောက်ခဲ့သူများ (သို့) အခေါင်းထမ်းပွဲတော်အကြောင်း
Unicode
ဒီပွဲတော်ကို မြန်မာလို ဘာသာပြန်ရရင် သေခါနီးအတွေ့အကြုံကို ကြိုတင်ခံစားခြင်းလို့ ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ အသက်ရှင်နေတဲ့ သူတွေဟာ အခေါင်းထဲမှာဝင်နေပြီး တကယ့်လူသေတွလို ပုံစံမျိုးနဲ့ ၀င်ရောက်ပါ၀င်ဆင်နွဲကြလို့ပါပဲ။
သူ့ကိုတော့ အခေါင်းထမ်းပွဲတော်လို့လည်း ခေါ်ပါတယ်။ ပေါ်တူဂီနယ်စပ်က စပိန်ရွာလေး ပွန်ဒီပီဒရာမှာ နှစ်စဉ် ဇူလိုင် (၂၉)ရက်နေ့ရောက်တိုင်း ကျင်းပပါတယ်။
ဒီပွဲတော်ကို ကျင်းပတဲ့ နာမည်လိုပဲ ပါ၀င်ဆင်နွဲကျတဲ့ အခေါင်းထဲက လူတွေဟာ လက်တွေ့ဘဝမှာ အကြောင်းတစ်ခုခုကြောင့် သေမလို ဖြစ်ခဲ့ရာကနေ သေဘေးကနေ လက်မတင်လေးလွတ်ခဲ့သူတွေလို့ သိရပါတယ်။
လက်ရှိမှာ အသက်ရှင်နေပြီး တစ်ချိန်က ကပ်သီးလေး သေဘေးက လွတ်ခဲ့သူတွေပေါ့။ သူတို့က အခေါင်းထဲမှာဇိမ်လေးနဲ့ လိုက်ပြီး၊ ပွဲကိုလာတဲ့သူတွေက အခေါင်းကို ထမ်းကြပါတယ်။
တကယ့်ကို လွတ်မြောက်ခဲ့သူတွေက အဲဒီနေ့မှာပါ၀င်ဖို့ကို တကူးတကဒီနေရာလေးကို လာကြပြီး၊ အခေါင်းထဲမှာ လိုက်အိပ်ကြတာပါ။ မနက် (၁၀)နာရီထိုးပြီဆိုတာနဲ့ ရွာလမ်းတလျှောက်မှာရှိတဲ့ လူတွေဟာ အခေါင်းတွေကိုထမ်းပြီး၊
အနီးနားမှာရှိတဲ့ ချက်ကျောင်းက အပျိုစင် ဆန်တာမာတာကို ပို့ဆောင်ကြပါတယ်။ပြီးရင်တော့ အနီးမှာရှိတဲ့ ဒေသ သချင်္ိုင်းကုန်းကို ပို့၊ လမ်းမှာ လော်စပီကာကြီးတွေနဲ့ ဟေးဟေးဟားဟားလုပ်ပြီး၊
နောက်တော့ အပျိုစင်ရုပ်တုဆီကိုပဲ ပြန်ပြီးပို့ဖို့လာကြတယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ဟာ မြန်မာအယူအဆတချို့နဲ့ သွားတူနေပြီး၊ သူကတော့ ဗားရှင်းသီးသန့် လုပ်ထားတဲ့ ပုံစံပါ။
အကယ်လို့ ကိုယ်က ပါ၀င်ဆင်နွဲချင်တယ်ဆိုရင် သေဘေးကလွတ်ဖူးတဲ့ အတွေ့အကြံုတစ်ခုကို ပြောပြရမှာဖြစ်ပြီး၊တချို့ကတော့ ပျော်ချင်လို့ကို ပါကြတယ်လို့ ဆိုပါတယ်။ ဇူလိုင် (၂၉)တစ်ရက်ထဲပဲ ထူးထူးခြားခြား ကျင်းပါတာဖြစ်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *