ကင္ဆာေဝဒနာနဲ႔ သခင္ျဖစ္သူ ဆံုးသြားတာကိုမသိဘဲ ကုတင္ေလးေဘးမွာေစာင့္ေနခဲ့တဲ့ ေခြးေလး

နယူးဂ်ာဆီျပည္နယ္မွာရွိတဲ့ တိရစာၱန္ကယ္ဆယ္ေနရာခ်ထားေရးအဖြဲ႔ဟာ ပံုမွန္လုပ္ရိုးလုပ္စဥ္ ေဖ့စ္ဘြတ္ခ္မွာ ပံုတင္ေနက်အတုိင္း တင္လိုက္ပါတယ္။ ကုတင္ေလးတစ္လံုးေဘးမွာ ထိုင္ေနတဲ့ ေခြးေလးပံုတစ္ပံုျဖစ္ျပီး၊ တစ္ခုခုကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ေနတဲ့ ပံုနဲပါ။

ဒီအျဖစ္အပ်က္ေလးက အားလံုးကို ကရုဏာသက္ေစပါတယ္။ သံုးႏွစ္တာအတူတကြ ရွိေနတဲ့ သခင္ျဖစ္သူတစ္ေယာက္၊ ကင္ဆာေၾကာင့္ ေဆးရံုတက္ရခ်ိန္မွာ မူ႕စ္လို႔ေခၚတဲ့ ေခြေလးကလည္း သခင္နဲ႔အတူ ေဆးရံုလိုက္တက္ခဲ့ပါတယ္။

သူသိတာက သခင္ဟာ ကုတင္ကေန ထထသြားျပီး၊ ေဆးသြားကုျပီးရင္ ေစာင့္ေနက် ကုတင္ေလးေဘးကို ျပန္လာေနၾကဆိုတာပါ။ဇြန္လရဲ႕ မိုးဖြဲဖြဲေလးရြာေနတဲ့ တစ္ရက္မွာေတာ့ မူ႕စ္ေလးတစ္ေယာက္ ပံုမွန္အတိုင္းဆက္ေစာင့္ေနျမဲေနရာမွာ သခင္ကိုေစာင့္ေနခဲ့ပါတယ္။

မတူေတာ့တာက သခင္ဟာ ဘယ္ေတာ့မွျပန္မလာေတာ့တဲ့လမ္းကို ေရြးခ်ယ္သြားခဲ့ျပီျဖစ္ျပီး၊ မူ႕စ္ေလးကို ထားခဲ့ျပီဆိုတာပါ။ ဒီအေၾကာင္းကို ေဖ့စ္ဘြတ္မွာ ‘ မူ႕စ္ေလးဟာ သူအေဖရဲ႕ ေဘးနားက ကုတင္ေလးမွာ စိတ္ရွည္ရွည္နဲ႔ထိုင္ေနပါတယ္၊ ‘

‘အေဖျဖစ္သူက ဆံုးသြားတာကို မသိဘဲ တစ္ခ်ိန္မွာ ျပန္လာမယ္ဆိုတဲ့အေတြးနဲပေါ့’ ဆိုျပီး တင္ခဲ့ပါတယ္။ အားလံုးရဲ႕ႏွလံုးသားကို စိတ္မေကာင္းျဖစ္ေစခဲ့ျပီးတဲ့ေနာက္မွာ တိရစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးက ေခၚျပီးေမြးစားခဲ့ပါတယ္။

ပို႔တင္ျပီး သံုးရက္အၾကာမွာပဲ မူ႕စ္ေလးကို ေမြးစားဖို႔ မိဘႏွစ္ပါးေပၚလာခဲ့ျပီး အားလံုးကို ၀မ္းသာေစခဲ့ပါတယ္။မူ႕စ္ေလးကို သခင္ေဟာင္းျဖစ္သူေတြ႔ခဲတာကလည္း

တိရစာၦန္ေစာင့္ေရွာက္ေရးရဲ႕ေဖ့ဘြတ္ခ္မွာ စြန္႔ပစ္ခံေခြးေလးတစ္ေကာင္ကိုကယ္ခဲ့ပါျပီဆိုတာကို (၂၀၁၇)ကေတြ႔စဥ္ ေမြးစားခဲ့တာပါ။ (၃)ႏွစ္တာ ျဖတ္သန္းျပီးေနာက္ ကင္ဆာနဲ႔ ဆံုးပါးသြားစဥ္မွာလည္း

ေခြးေလးကို တိရစာၦန္ေစာင့္ေရွာက္ေရးကပဲ ျပန္ကူညီခဲ့ျပီး မိဘအသစ္ေတြကို ျပန္ရွာေပးခဲ့တာပါ။ ေျပာရရင္ေတာ့ ဆုိရွယ္မီဒီယာကို တကယ့္အားေကာင္းတဲ့ ဆက္သြယ္မႈအေနေနဲ႔ အသံုးခ်ခဲ့တာပဲျဖစ္ပါတယ္။

Unicode

နယူးဂျာဆီပြည်နယ်မှာရှိတဲ့ တိရစ္တာန်ကယ်ဆယ်နေရာချထားရေးအဖွဲ့ဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖေ့စ်ဘွတ်ခ်မှာ ပုံတင်နေကျအတိုင်း တင်လိုက်ပါတယ်။ ကုတင်လေးတစ်လုံးဘေးမှာ ထိုင်နေတဲ့ ခွေးလေးပုံတစ်ပုံဖြစ်ပြီး၊ တစ်ခုခုကို စိတ်ရှည်ရှည်နဲ့ စောင့်နေတဲ့ ပုံနဲပါ။

ဒီအဖြစ်အပျက်လေးက အားလုံးကို ကရုဏာသက်စေပါတယ်။ သုံးနှစ်တာအတူတကွ ရှိနေတဲ့ သခင်ဖြစ်သူတစ်ယောက်၊ ကင်ဆာကြောင့် ဆေးရုံတက်ရချိန်မှာ မူ့စ်လို့ခေါ်တဲ့ ခွေလေးကလည်း သခင်နဲ့အတူ ဆေးရုံလိုက်တက်ခဲ့ပါတယ်။

သူသိတာက သခင်ဟာ ကုတင်ကနေ ထထသွားပြီး၊ ဆေးသွားကုပြီးရင် စောင့်နေကျ ကုတင်လေးဘေးကို ပြန်လာနေကြဆိုတာပါ။ဇွန်လရဲ့ မိုးဖွဲဖွဲလေးရွာနေတဲ့ တစ်ရက်မှာတော့ မူ့စ်လေးတစ်ယောက် ပုံမှန်အတိုင်းဆက်စောင့်နေမြဲနေရာမှာ သခင်ကိုစောင့်နေခဲ့ပါတယ်။

မတူတော့တာက သခင်ဟာ ဘယ်တော့မှပြန်မလာတော့တဲ့လမ်းကို ရွေးချယ်သွားခဲ့ပြီဖြစ်ပြီး၊ မူ့စ်လေးကို ထားခဲ့ပြီဆိုတာပါ။ ဒီအကြောင်းကို ဖေ့စ်ဘွတ်မှာ ‘ မူ့စ်လေးဟာ သူအဖေရဲ့ ဘေးနားက ကုတင်လေးမှာ စိတ်ရှည်ရှည်နဲ့ထိုင်နေပါတယ်၊ ‘

‘အဖေဖြစ်သူက ဆုံးသွားတာကို မသိဘဲ တစ်ချိန်မှာ ပြန်လာမယ်ဆိုတဲ့အတွေးနဲပေါ့’ ဆိုပြီး တင်ခဲ့ပါတယ်။ အားလုံးရဲ့နှလုံးသားကို စိတ်မကောင်းဖြစ်စေခဲ့ပြီးတဲ့နောက်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက ခေါ်ပြီးမွေးစားခဲ့ပါတယ်။

ပို့တင်ပြီး သုံးရက်အကြာမှာပဲ မူ့စ်လေးကို မွေးစားဖို့ မိဘနှစ်ပါးပေါ်လာခဲ့ပြီး အားလုံးကို ၀မ်းသာစေခဲ့ပါတယ်။မူ့စ်လေးကို သခင်ဟောင်းဖြစ်သူတွေ့ခဲတာကလည်း

တိရစ္ဆာန်စောင့်ရှောက်ရေးရဲ့ဖေ့ဘွတ်ခ်မှာ စွန့်ပစ်ခံခွေးလေးတစ်ကောင်ကိုကယ်ခဲ့ပါပြီဆိုတာကို (၂၀၁၇)ကတွေ့စဉ် မွေးစားခဲ့တာပါ။ (၃)နှစ်တာ ဖြတ်သန်းပြီးနောက် ကင်ဆာနဲ့ ဆုံးပါးသွားစဉ်မှာလည်း

ခွေးလေးကို တိရစ္ဆာန်စောင့်ရှောက်ရေးကပဲ ပြန်ကူညီခဲ့ပြီး မိဘအသစ်တွေကို ပြန်ရှာပေးခဲ့တာပါ။ ပြောရရင်တော့ ဆိုရှယ်မီဒီယာကို တကယ့်အားကောင်းတဲ့ ဆက်သွယ်မှုအနေနေဲ့ အသုံးချခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *