ကမာၻေပၚမွာ လံုး၀မရွိႏိုင္ဖူးလို႔ထင္ထားတဲ့ မ်ိဳးစိတ္(၄)မ်ိဳးကို ဓာတ္ပံုဆရာေတြ စိတ္ရွည္မႈနဲ႔ ေတြ႔ခဲ့

ဆန္းၾကယ္ပါတယ္ဆိုတဲ့ ကမာၻၾကီးထဲမွာ ထပ္ျပီးဆန္းေစတဲ့ အေကာင္ေတြကို ထပ္ေတြ႔ခဲ့ပါျပီ။ ဟြန္ဒူးရပ္ႏုိင္ငံရဲ႕ ေမ်ာက္ဘုရင္ေပ်ာက္ကၽြန္းလို႔ ေဒသခံေတြတင္စားတဲ့ ေတာထဲမွာ ပညာရွင္တစ္စုဟာ လူသားေတြကို အသစ္ေတြ ခ်ျပခဲ့ပါတယ္။

ေတြ႕ရွိခဲ့တဲ့ မ်ိဳးစိတ္ေပါင္း (၁၀၀၀)ေက်ာ္မွာ လိပ္ျပာမ်ိဳးကြဲ (၂၄၆)မ်ိဳး၊ လင္းႏို႔ အမ်ိဳး (၃၀)၊ ဖား၊ ကင္းလိပ္ေရွာ မ်ိုးစိတ္ (၅၇)မ်ိဴးကို ထပ္ေတြ႔ခဲ့ပါတယ္။ အဲဒီထဲက (၂၂)မ်ိဳးဟာ ကမာၻေပၚမွာ တစ္ခါမွမေတြ႕ဖူးေသးတဲ့ မ်ိဳးစိတ္အသစ္ေတြအျဖစ္ မွတ္တမ္း၀င္ခဲ့ျပီး၊

သူတို႔ေတြ႔ခဲ့တဲ့ ငါးမ်ိဳးစိတ္တစ္မ်ိဳးဟာ သတၱ၀ါေတြရဲ႕ ျဖစ္တည္မႈကို အသစ္ဆန္းေစမယ္လို႔ ယူဆပါတယ္။ဒီထဲမွာ ဓာတ္ပံုရိုက္ႏိုင္တဲ့ထဲက အေကာင္ေလးေကာင္ကို ထူးဆန္းတဲ့ မ်ိဳးစိတ္ေလးခုအျဖစ္ ေဖာ္ျပခဲ့ပါတယ္။

အိမ္ေျမာင္လိုလို၊ တီေတာက္လိုလိုနဲ႔ အညိဳေျပာင္ေျပာင္ရွိတဲ့အေကာင္ေလးဟာ ေတာ္ေတာ္ေလးကို အံ့ၾသဖို႔ ေကာင္းခဲ့သလို ထပ္ေတြ႔ခဲ့တဲ့ ဖားမ်ိဳးစိတ္ဟာလည္း ထူးျခားေနခဲ့ပါတယ္။ ေတာ္ေတာ္ေလးကိုလွတဲ့မ်က္လံုးနဲ႔ ပရိသတ္ကို ဖမ္းစားခဲ့တာပါ။

ေနာက္ေတာ့ ဆင္မ်က္ႏွာနဲ႔ ၀က္ကိုယ္ကို ညဘက္မွာ ေစာင့္ျပီး ဓာတ္ပံုရိုက္ႏုိင္ခဲ့ျပီး၊ ဒီလို သတၱ၀ါေတြဟာ ကမာၻေပၚမွာ ရွိေနတယ္ဆိုတာကို ျပႏိုင္ခဲ့ပါတယ္။

ပံုမွန္ထက္ပိုၾကီးေနေတာ့ အခြံမာေကာင္ေတြကို ေတြ႔ခဲ့ရတဲ့အတြက္ မ်ိဳးစိတ္အသစ္ေတြ မွတ္တမ္းထပ္တင္ဖို႔ ဖမ္းႏိုင္ေအာင္ၾကိဳးစားခဲ့ေပမဲ့ အလုပ္မျဖစ္ခဲ့ပါဘူး။

ဒီလိုသဘာ၀မ်ိဳးကြဲေတြ အမ်ားၾကီးရွိေနတဲ့ေတာကို တရား၀င္ကာကြယ္ထားျပီျဖစ္လို႔ ပ်က္စီးမွာေတာ့ မေၾကာက္ရတာအမွန္ပါ။ သံုးပတ္ၾကာ ေစာင့္ရိုက္ခဲ့ရတာျဖစ္လို႔

ဟြန္ဒူးရပ္မိုးသစ္ေတာၾကီးထဲမွာ စြန္႔စြန္႔စားစားနဲ႔ ရိုက္ခဲ့တဲ့ ဓာတ္ပံုဆရာအဖြဲ႔ကို ႏိုင္ငံတကာက ပညာရွင္ေတြက ၀ိုင္းျပီးခ်ီးက်ဴးေနၾကပါတယ္။

Unicode

ဆန်းကြယ်ပါတယ်ဆိုတဲ့ ကမ္ဘာကြီးထဲမှာ ထပ်ပြီးဆန်းစေတဲ့ အကောင်တွေကို ထပ်တွေ့ခဲ့ပါပြီ။ ဟွန်ဒူးရပ်နိုင်ငံရဲ့ မျောက်ဘုရင်ပျောက်ကျွန်းလို့ ဒေသခံတွေတင်စားတဲ့ တောထဲမှာ ပညာရှင်တစ်စုဟာ လူသားတွေကို အသစ်တွေ ချပြခဲ့ပါတယ်။

တွေ့ရှိခဲ့တဲ့ မျိုးစိတ်ပေါင်း (၁၀၀၀)ကျော်မှာ လိပ်ပြာမျိုးကွဲ (၂၄၆)မျိုး၊ လင်းနို့ အမျိုး (၃၀)၊ ဖား၊ ကင်းလိပ်ရှော မျိုးစိတ် (၅၇)မျိူးကို ထပ်တွေ့ခဲ့ပါတယ်။ အဲဒီထဲက (၂၂)မျိုးဟာ ကမ္ဘာပေါ်မှာ တစ်ခါမှမတွေ့ဖူးသေးတဲ့ မျိုးစိတ်အသစ်တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊

သူတို့တွေ့ခဲ့တဲ့ ငါးမျိုးစိတ်တစ်မျိုးဟာ သတ္တဝါတွေရဲ့ ဖြစ်တည်မှုကို အသစ်ဆန်းစေမယ်လို့ ယူဆပါတယ်။ဒီထဲမှာ ဓာတ်ပုံရိုက်နိုင်တဲ့ထဲက အကောင်လေးကောင်ကို ထူးဆန်းတဲ့ မျိုးစိတ်လေးခုအဖြစ် ဖော်ပြခဲ့ပါတယ်။

အိမ်မြောင်လိုလို၊ တီတောက်လိုလိုနဲ့ အညိုပြောင်ပြောင်ရှိတဲ့အကောင်လေးဟာ တော်တော်လေးကို အံ့သြဖို့ ကောင်းခဲ့သလို ထပ်တွေ့ခဲ့တဲ့ ဖားမျိုးစိတ်ဟာလည်း ထူးခြားနေခဲ့ပါတယ်။ တော်တော်လေးကိုလှတဲ့မျက်လုံးနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တာပါ။

နောက်တော့ ဆင်မျက်နှာနဲ့ ၀က်ကိုယ်ကို ညဘက်မှာ စောင့်ပြီး ဓာတ်ပုံရိုက်နိုင်ခဲ့ပြီး၊ ဒီလို သတ္တဝါတွေဟာ ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာကို ပြနိုင်ခဲ့ပါတယ်။

ပုံမှန်ထက်ပိုကြီးနေတော့ အခွံမာကောင်တွေကို တွေ့ခဲ့ရတဲ့အတွက် မျိုးစိတ်အသစ်တွေ မှတ်တမ်းထပ်တင်ဖို့ ဖမ်းနိုင်အောင်ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီလိုသဘာဝမျိုးကွဲတွေ အများကြီးရှိနေတဲ့တောကို တရားဝင်ကာကွယ်ထားပြီဖြစ်လို့ ပျက်စီးမှာတော့ မကြောက်ရတာအမှန်ပါ။ သုံးပတ်ကြာ စောင့်ရိုက်ခဲ့ရတာဖြစ်လို့

ဟွန်ဒူးရပ်မိုးသစ်တောကြီးထဲမှာ စွန့်စွန့်စားစားနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံဆရာအဖွဲ့ကို နိုင်ငံတကာက ပညာရှင်တွေက ၀ိုင်းပြီးချီးကျူးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *