တစ်နှစ်တစ်ခါ တောင်ကိုရီးယားမှာ ကျင်းပတဲ့ ဘိုယောင်းရွှံပက်ပွဲတော်
Unicode
မြန်မာနိုင်ငံမှာ သင်္ကြန်ကာလမှာ ရေပက်သလိုပါပဲ။ ဘိုယောင်းရွှံပက်ပွဲတော်ဆိုတာ တစ်ဦးနဲ့တစ်ဦး ရွှံ့တွေနဲ့ လူးပြီး၊ ရွှံ့ကန်ကြီးထဲမှာ စိမ်ပြီး ဆော့ကြရတာပါ။ တောင်ကိုရီးယားရဲဲ နံပါတ်တစ်လူပါ၀င်အများဆုံးပွဲတော်ဖြစ်ပြီး၊
ဇူလိုင်လမှာကျင်းပပါတယ်။ ထူးထူးခြားခြားဆိုသလိုပဲ ဒီပွဲတော်ဟာ (၉)ရက်တောင်ကျင်းပတာဖြစ်လို့ တော်တော်လေးကို ကြာတယ်လို့ သတ်မှတ်လို့ရပါတယ်။
ပွဲတော်ကို ကျင်းပတဲ့အခါ ရွှံ့အပြင်အဆင်တွေနဲ့ နာမည်ကြီး ကေပေါ့ပွဲစဉ်တွေကိုလည်း တစ်ခါတည်းစီစဉ်ပြီး၊ အကုန်လုံးနီးပါးကို ရွှံ့အငွေ့အသက်တွေ ပုံစံနဲ့ ဖန်တီးထားတယ်လို့ ဆိုပါတယ်။
ရွှံ့တွေကို ဘယ်ကရလဲမေးရင်တော့ ကျင်းပမယ့် ကမ်းခြေရဲ့ အနီးနားပင်လယ်ထဲက ယူထားတယ်လို့ ဆိုရမှာပါပဲ။ မဆိုင်တာတွေမပါလာအောင် သေချာစိစစ်ပြီး၊ ဒီပွဲတော်ကျင်းပဖို့ကိုပဲ သတ်သတ်သွားယူထားတာပါ။
သူ့ကိုကျင်းပတဲ့ ဘိုယောင်းကမ်းခြေကို နာမည်ယူပြီး၊ ဘိုယောင်းရွှံ့ပက်ပွဲတော်လို့ အမည်တွင်ခဲ့တဲ့အတွက် တခြားကမ်းခြေတွေမှာတော့ ကျင်းပမှာမဟုတ်ပါဘူး။ပွဲကျင်းပတဲ့ အချိန်တွေက ဇူလိုင်လ (၁၉)ကနေ (၁၈)ထိ ကိုးရက်ကြာ ကျင်းပမှာပါ။
နှစ်စဉ် ခရီးသွား (၂၂)သိန်းကို ဒီပွဲတော်ကျင်းပပြီး၊ တောင်ကိုရီးယားကိုလာဖို့ ဆွဲခေါ်ထားနိုင်ပါတယ်။ တောင်ကိုရီးယားရဲ့ ခရီးသွားဝင်ငွေကို တစ်ဖက်တစ်လမ်းက မြင့်တင်ပေးနေတယ်ဆိုရင်လည်း မမှာပါဘူး။ ကလေးတွေအစ လာရောက်လည်ပတ်ကြတဲ့အတွက် ရွှံ့ပွဲတော်ဟာ နာမည်ကြီးလွန်းပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *