သင့္ရဲ့ ဗိုက္ကအရမ္းဆာလာတိုင္းမစားပါနဲ ့…..

သက္ရိွေတြရဲ႕အစ ဟိုး in the begining ကတည္းက အစားစားတယ္ဆိုတာ ႐ွင္သန္ျခင္းရဲ႕ အလြန္ ႐ိုး႐ွင္းတဲ့ ႏွစ္လိုဖြယ္တစ္ခုပါ… ။ ခုလို က်န္းမာေရးထိခိုက္ေစမယ့္ အဝလြန္ဖို႔လြယ္ကူေစမယ့္ အစားအေသာက္ေတြကို

ေဖာေဖာသီသီ စားေသာက္ေနတဲ့ေခတ္မွာ အစားအေသာက္ဟာ ရန္သူလို ျဖစ္လာၿပီ။ တကယ္ေတာ့ အစားဟာ စိတ္ကိုရႊင္ျမဴးေစတဲ့ ခြန္အားကိုျဖစ္ေစတဲ့ တကယ့္ရင္းျမစ္တစ္ခုပါေနာ္။

အစားစားခ်င္တယ္ ဆိုတာ က်န္းမာတဲ့ လကၡဏာလည္း ျဖစ္တယ္ေနာ္။ ဒါေပမယ့္ ခက္တာက မဆာပဲလည္း စားေနတာပါပဲ။ ပညာရိွသူေတာ္စင္ႀကီးတစ္ပါးကို လူတစ္ေယာက္က ေမးတယ္ .. သင့္ရဲ႕ က်င့္စဥ္ဟာ ဘာလဲ တဲ့.. ။

သူေတာ္စင္ႀကီးက ျပန္ေျဖတယ္။ ငါဟာ ဗိုက္ဆာတဲ့အခ်ိန္မွာ အစားစားတယ္။ ေရငတ္တဲ့အခ်ိန္မွာ ေရေသာက္တယ္။ ပင္ပန္းလို႔အိပ္ခ်င္လာတဲ့အခာ ငါအိပ္ပါတယ္ တဲ့.. ။

ဟင္…ဒါဟာ သူေတာ္စင္တစ္ေယာက္ရဲ႕ က်င့္စဥ္လား . သူမွ လုပ္ႏိုင္တာက်ေနတာပဲ . ငါလည္းအဲလိုပါပဲလို႔ ေတြးလိမ့္မယ္။ မဟုတ္ပါဘူး။ သတိထားၾကည့္ပါေနာ္။

တစ္ေန႔တစ္ေန႔ ဗိုက္မဆာပဲ စားေနတဲ့အႀကိမ္ ဘယ္ႏွႀကိမ္ရိွလဲ? ေရမငတ္ပဲ ေရေရာတျခားဟာေတြေရာ ေသာက္ေနတာ ဘယ္ႏွႀကိမ္ရိွလဲ . မအိပ္ခ်င္ပဲနဲ႔ သြားလဲွအိပ္ေနတာေရာ ဘယ္ေလာက္မ်ားလဲလို႔ ။

အဲဒီအခါက်မွ သိလိမ့္မယ္။ ဥာဏ္ပညာႀကီးတဲ့သူေတြဟာ ဘာလို႔ သူတို႔ ဥာဏ္ပညာႀကီးၾကတာလဲ ဆိုတာေနာ္။ အဲဒီေတာ့ ဗိုက္ဆာတာကို fight ရမွာလား။ မဟုတ္ပါဘူး။ Don’t fight your hunger. ေနာ္။ ကိုယ္ ဗိုက္ဆာတာကို ေလးေလးစားစား သေဘာထားပါ။

အရင္ဆံုး ဗိုက္ဆာသလိုလို ျဖစ္လာရင္ အစားတန္းမစားပါနဲ႔ ေရတစ္ခြက္ဝဝ ေသာက္ပါ။ တစ္ခါတေလ ဗိုက္ဆာတာမဟုတ္ဘူး ေရငတ္ေနတာ။ ေရငတ္တာနဲ႔ ဗိုက္ဆာတာကို brain က signal မွား ရတတ္တယ္။

ေရေသာက္ၿပီးရင္ သတိထားၾကည့္ ေနလို႔ အရမ္းေကာင္းသြားတယ္။ ေတာ္ေတာ္နဲ႔ ဗိုက္မဆာေတာ့ဘူး။ ေနာက္တစ္ေခါက္ ဗိုက္ဆာရင္ ေနာက္တစ္ခါ ေရအဝေသာက္ၾကည့္၊ လူက ေပါ့ပါးၿပီး ေစာေစာကထက္ ေနလို႔ပိုကာင္းသြားျပန္တာ ေတြ႕လိမ့္မယ္။

သံုးခါေလာက္ အဲလိုလုပ္ၿပီးမွ အစားစားဖို႔ လုပ္ပါေနာ္။ စားေတာ့မယ္ဆိုလည္း ဗိုက္ဆာလို႔ဆိုၿပီး မသင့္တာေတြ တဝတျပဲ စားပစ္တာမ်ိဳး မလုပ္ပါနဲ႔။ တကယ္ အာဟာရျဖစ္မယ့္ အစားကို ဥာဏ္နဲ႔ ေရြးပါ။

ပါးစပ္ထဲေရာက္ တန္း ၿမိဳခ်ပစ္တာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ့္ရဲ႕ အာရံုခံေတြကို အျပည့္အဝ အသံုးခ်ပါ။ မ်က္စိက သူ႔ကိုျမင္ရတဲ့အခါ ခံစားမႈ ၊ ႏွာေခါင္းကရတဲ့ သူ႔အနံ႔၊ သူ႔ကိုဝါးလိုက္တဲ့အခါ ခံတြင္းထဲမွာ သူေက်ညက္သြားပံုေလး .. အားလံုးကို သတိေလးနဲ႔ သိၿပီး တစ္လုပ္ျခင္း မ်ိဳခ်ပါ။

ဗိုက္ထဲအစားေရာက္သြားတဲ့အခါ nutrious food ကို ရရင္ အစာအိမ္က ေပ်ာ္တယ္ေနာ္။ သတိထားၾကည့္။ ခဏေနေတာ့ စားေနရင္းနဲ႔ ဗိုက္ဝတဲ့ခံစားမႈ ရလာၿပီ..။ အဲဒီအခါ ရၿပီ ေတာ္ေလာက္ၿပီ လို႔ အစာအိမ္က ေျပာတယ္ေနာ္။ သူေျပာတာကို နားေထာင္ပါ.. ။

အဲလို လုပ္သြားရင္ တေျဖးေျဖး sensitive ျဖစ္တာ အားေကာင္းလာၿပီးေတာ့ ကိုယ့္ခႏၶာနဲ႔ harmony ျဖစ္ေအာင္ ညီၫြတ္ေအာင္ ေနတတ္တဲ့ အသိပညာ ဥာဏ္ပညာ တေျဖးေျဖး ျဖစ္လာေနတယ္ဆိုတာ သိလာလိမ့္မယ္။

အဲဒီအခါ စိတ္ထဲမွာ ငါ ခုမွ Really Whole ျဖစ္တယ္ပါလား.. ခုမွ ငါ့စိတ္အာရံုေရာ ငါ့ခႏၶာေရာ connection ရသြားတာပါလား.. ခုမွ စိတ္နဲ႔ခႏၶာ တေပါင္းတစည္းတည္း ျဖစ္တာပါလားလို႔ သိသြားလိမ့္မယ္။

အဲလို ျဖစ္လာၿပီဆိုရင္ weight ခ်ရတာ အရမ္းလြယ္ၿပီ။ ကိုယ့္ခႏၶာက ေျပာလိမ့္မယ္ ဘယ္အခ်ိန္မွာ အစားစား၊ ဘယ္အခ်ိန္မွာ ေရေသာက္ ၊ ဘယ္ဟာစား ဘယ္ဟာမစားနဲ႔ ၊ ရပ္ေတာ့ စသျဖင့္ေနာ္ လုပ္တတ္လာလိမ့္မယ္။

ဘယ္ေလာက္ထိ ဝိတ္ခ်ရမလဲဆိုတာ ကိုယ့္ခႏၶာကို ေမးလို႔ ရသြားၿပီ။ ကိုယ့္အတြက္ဆို ဘယ္ေလာက္ဝိတ္ဆို သင့္ပါၿပီ သူသိတယ္။ သူမ်ားေတြက ျကည့္ရင္ နည္းနည္း ဝေသးတယ္ ျဖစ္ခ်င္ ျဖစ္ေနမယ္ ။

ဒါ သူတို႔အႀကိဳက္လို႔ ထားလိုက္ပါေနာ္။ ကိုယ့္အတြက္ ကိုယ့္ခႏၶာက ေျပာတဲ့ perfect weight ကိုသာလိုက္နာဖို႔ပဲ ေနာ္။ ဗိုက္ဆာတိုင္း မစားပါနဲ႔။ ဗိုက္ဆာရင္ ေရေသာက္ပါ။ ကိုယ့္ခႏၶာနဲ႔ connection ရေအာင္လုပ္ပါ။

စိတ္နဲ႔ ခႏၶာ connection ရသြားတဲ့ အေတြ႕အၾကံဳဟာ တျခား ကိုယ့္ဘဝရဲ႕ အေရးႀကီးတဲ့အရာမွန္သမ်ွအေပၚ ဘယ္ေလာက္သက္ေရာက္မႈ အားႀကီးႀကီးနဲ႔ အက်ိဳးျပဳမလဲ ဆိုတာ ကိုယ္ေတြ႕သိရပါလိမ့္မယ္။

Unicode

သက်ရှိတွေရဲ့အစ ဟိုး in the begining ကတည်းက အစားစားတယ်ဆိုတာ ရှင်သန်ခြင်းရဲ့ အလွန် ရိုးရှင်းတဲ့ နှစ်လိုဖွယ်တစ်ခုပါ… ။ ခုလို ကျန်းမာရေးထိခိုက်စေမယ့် အဝလွန်ဖို့လွယ်ကူစေမယ့် အစားအသောက်တွေကို

ဖောဖောသီသီ စားသောက်နေတဲ့ခေတ်မှာ အစားအသောက်ဟာ ရန်သူလို ဖြစ်လာပြီ။ တကယ်တော့ အစားဟာ စိတ်ကိုရွှင်မြူးစေတဲ့ ခွန်အားကိုဖြစ်စေတဲ့ တကယ့်ရင်းမြစ်တစ်ခုပါနော်။

အစားစားချင်တယ် ဆိုတာ ကျန်းမာတဲ့ လက္ခဏာလည်း ဖြစ်တယ်နော်။ ဒါပေမယ့် ခက်တာက မဆာပဲလည်း စားနေတာပါပဲ။ ပညာရှိသူတော်စင်ကြီးတစ်ပါးကို လူတစ်ယောက်က မေးတယ် .. သင့်ရဲ့ ကျင့်စဉ်ဟာ ဘာလဲ တဲ့.. ။

သူတော်စင်ကြီးက ပြန်ဖြေတယ်။ ငါဟာ ဗိုက်ဆာတဲ့အချိန်မှာ အစားစားတယ်။ ရေငတ်တဲ့အချိန်မှာ ရေသောက်တယ်။ ပင်ပန်းလို့အိပ်ချင်လာတဲ့အခာ ငါအိပ်ပါတယ် တဲ့.. ။

ဟင်…ဒါဟာ သူတော်စင်တစ်ယောက်ရဲ့ ကျင့်စဉ်လား . သူမှ လုပ်နိုင်တာကျနေတာပဲ . ငါလည်းအဲလိုပါပဲလို့ တွေးလိမ့်မယ်။ မဟုတ်ပါဘူး။ သတိထားကြည့်ပါနော်။

တစ်နေ့တစ်နေ့ ဗိုက်မဆာပဲ စားနေတဲ့အကြိမ် ဘယ်နှကြိမ်ရှိလဲ? ရေမငတ်ပဲ ရေရောတခြားဟာတွေရော သောက်နေတာ ဘယ်နှကြိမ်ရှိလဲ . မအိပ်ချင်ပဲနဲ့ သွားလှဲအိပ်နေတာရော ဘယ်လောက်များလဲလို့ ။

အဲဒီအခါကျမှ သိလိမ့်မယ်။ ဉာဏ်ပညာကြီးတဲ့သူတွေဟာ ဘာလို့ သူတို့ ဉာဏ်ပညာကြီးကြတာလဲ ဆိုတာနော်။ အဲဒီတော့ ဗိုက်ဆာတာကို fight ရမှာလား။ မဟုတ်ပါဘူး။ Don’t fight your hunger. နော်။ ကိုယ် ဗိုက်ဆာတာကို လေးလေးစားစား သဘောထားပါ။

အရင်ဆုံး ဗိုက်ဆာသလိုလို ဖြစ်လာရင် အစားတန်းမစားပါနဲ့ ရေတစ်ခွက်ဝဝ သောက်ပါ။ တစ်ခါတလေ ဗိုက်ဆာတာမဟုတ်ဘူး ရေငတ်နေတာ။ ရေငတ်တာနဲ့ ဗိုက်ဆာတာကို brain က signal မှား ရတတ်တယ်။

ရေသောက်ပြီးရင် သတိထားကြည့် နေလို့ အရမ်းကောင်းသွားတယ်။ တော်တော်နဲ့ ဗိုက်မဆာတော့ဘူး။ နောက်တစ်ခေါက် ဗိုက်ဆာရင် နောက်တစ်ခါ ရေအဝသောက်ကြည့်၊ လူက ပေါ့ပါးပြီး စောစောကထက် နေလို့ပိုကာင်းသွားပြန်တာ တွေ့လိမ့်မယ်။

သုံးခါလောက် အဲလိုလုပ်ပြီးမှ အစားစားဖို့ လုပ်ပါနော်။ စားတော့မယ်ဆိုလည်း ဗိုက်ဆာလို့ဆိုပြီး မသင့်တာတွေ တဝတပြဲ စားပစ်တာမျိုး မလုပ်ပါနဲ့။ တကယ် အာဟာရဖြစ်မယ့် အစားကို ဉာဏ်နဲ့ ရွေးပါ။

ပါးစပ်ထဲရောက် တန်း မြိုချပစ်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ အာရုံခံတွေကို အပြည့်အဝ အသုံးချပါ။ မျက်စိက သူ့ကိုမြင်ရတဲ့အခါ ခံစားမှု ၊ နှာခေါင်းကရတဲ့ သူ့အနံ့၊ သူ့ကိုဝါးလိုက်တဲ့အခါ ခံတွင်းထဲမှာ သူကျေညက်သွားပုံလေး .. အားလုံးကို သတိလေးနဲ့ သိပြီး တစ်လုပ်ခြင်း မျိုချပါ။

ဗိုက်ထဲအစားရောက်သွားတဲ့အခါ nutrious food ကို ရရင် အစာအိမ်က ပျော်တယ်နော်။ သတိထားကြည့်။ ခဏနေတော့ စားနေရင်းနဲ့ ဗိုက်ဝတဲ့ခံစားမှု ရလာပြီ..။ အဲဒီအခါ ရပြီ တော်လောက်ပြီ လို့ အစာအိမ်က ပြောတယ်နော်။ သူပြောတာကို နားထောင်ပါ.. ။

အဲလို လုပ်သွားရင် တဖြေးဖြေး sensitive ဖြစ်တာ အားကောင်းလာပြီးတော့ ကိုယ့်ခန္ဓာနဲ့ harmony ဖြစ်အောင် ညီညွတ်အောင် နေတတ်တဲ့ အသိပညာ ဉာဏ်ပညာ တဖြေးဖြေး ဖြစ်လာနေတယ်ဆိုတာ သိလာလိမ့်မယ်။

အဲဒီအခါ စိတ်ထဲမှာ ငါ ခုမှ Really Whole ဖြစ်တယ်ပါလား.. ခုမှ ငါ့စိတ်အာရုံရော ငါ့ခန္ဓာရော connection ရသွားတာပါလား.. ခုမှ စိတ်နဲ့ခန္ဓာ တပေါင်းတစည်းတည်း ဖြစ်တာပါလားလို့ သိသွားလိမ့်မယ်။

အဲလို ဖြစ်လာပြီဆိုရင် weight ချရတာ အရမ်းလွယ်ပြီ။ ကိုယ့်ခန္ဓာက ပြောလိမ့်မယ် ဘယ်အချိန်မှာ အစားစား၊ ဘယ်အချိန်မှာ ရေသောက် ၊ ဘယ်ဟာစား ဘယ်ဟာမစားနဲ့ ၊ ရပ်တော့ စသဖြင့်နော် လုပ်တတ်လာလိမ့်မယ်။

ဘယ်လောက်ထိ ဝိတ်ချရမလဲဆိုတာ ကိုယ့်ခန္ဓာကို မေးလို့ ရသွားပြီ။ ကိုယ့်အတွက်ဆို ဘယ်လောက်ဝိတ်ဆို သင့်ပါပြီ သူသိတယ်။ သူများတွေက ကြည့်ရင် နည်းနည်း ဝသေးတယ် ဖြစ်ချင် ဖြစ်နေမယ် ။

ဒါ သူတို့အကြိုက်လို့ ထားလိုက်ပါနော်။ ကိုယ့်အတွက် ကိုယ့်ခန္ဓာက ပြောတဲ့ perfect weight ကိုသာလိုက်နာဖို့ပဲ နော်။ ဗိုက်ဆာတိုင်း မစားပါနဲ့။ ဗိုက်ဆာရင် ရေသောက်ပါ။ ကိုယ့်ခန္ဓာနဲ့ connection ရအောင်လုပ်ပါ။

စိတ်နဲ့ ခန္ဓာ connection ရသွားတဲ့ အတွေ့အကြုံဟာ တခြား ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့အရာမှန်သမျှအပေါ် ဘယ်လောက်သက်ရောက်မှု အားကြီးကြီးနဲ့ အကျိုးပြုမလဲ ဆိုတာ ကိုယ်တွေ့သိရပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *