ေျမၿပိဳ ၊ ေရႀကီး ဒုကၡေတာထဲမွာ ထမင္းတစ္ထုပ္ (၂)ေထာင္ေပး ဝယ္စားေနရတဲ့ ရင္နာစရာ ဒုကၡသည္တို ့ရဲ့ ဘဝ

ျမန္မာျပည္ရဲ႕ တနသာၤရီတိုင္းနဲ႔ မြန္ျပည္နယ္မွာ ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း အဆိုးရြားဆံုး ေရႀကီး၊ေရလ်ံွ၊ ေရျမဳပ္တဲ့ဒဏ္ကိုခံစားေနရၿပီး ေရးၿမိဳ႕မွာဆိုရင္ ၿမိဳ႕ရဲ႕ ၈၀ ရာခိုင္ႏႈန္းကေန ၉၀ ရာခိုင္နွုန္းအထိဟာ

ေရေအာက္ေရာက္လုနီးပါးျဖစ္ေနၿပီလို႔ ေန့စဥ္လို သတင္းေတြၾကားသိေနရတာဟာ အင္မတန္ဝမ္းနည္းစိတ္ထိဖြယ္ရာေကာင္းလွပါတယ္။ ရက္ေပါင္းဆက္တိုက္ မိုးႀကီးသည္းထန္ခဲၿပီးတဲ့ေနာက္မွာ

အခုလိုအျဖစ္ဆိုးမ်ိဳးကုိ ျမန္မာျပည္သူေတြ ၾကံဳေတြ႕ခံစားခ့ဲရတာျဖစ္ၿပီး အသက္အိုးအိမ္စည္းစိမ္ေတြေသေၾကပ်က္စီးေနဆဲျဖစ္သလို အခုခ်ိန္ထိ ဒုကၡေတာထဲကမလြတ္ႏိုင္ၾကေသးပါဘူး။

ဒါဟာ ရင္နာစရာသိပ္ေကာင္းတဲ့ျမင္ကြင္းေတြကို ေန႔စဥ္မျပတ္ၾကံဳေနခဲ့ရၿပီး ၾကားသိေနခဲ့ရတဲ့ ျပည္သူအေပါင္းကလဲ ကယ္ဆယ္ေရးနဲ႔လွဴဒါန္းမႈေတြကုိ ေငြေၾကးအားျဖင့္၊ စားနပ္ ရိကၡာပို႔ေဆာင္ျခင္းအားျဖင့္

တတပ္တအားနဲ႔ ေရေဘးသင့္ျပည္သူေတြကို ဝိုင္းဝန္းကူညီေပးေနၾကတာလဲ ဝမ္းေျမာက္ဝမ္းသာဖြယ္ရာသိ႐ွိျမင္ေတြ႕ခဲ့ရတာပါ။ တစ္ဖက္မွာေတာ့ အခုေရႀကီးဒုကၡဆိုးၾကံဳေတြ႕ေနရတဲ့

မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းေတြမွာ ကိုယ့္ႏိုင္ငံသားအခ်င္းခ်င္းဆိုေသာ္လည္း စားေသာက္ကုန္ေစ်းႏႈန္းေတြကို မူလေစ်းထက္ ၃ ဆ အထိ ေစ်းတင္ရာင္းေနျကတယ္လို႔ပါ စိတ္မေကာင္းဖြယ္ရာၾကားသိေနရပါတယ္။

သာမာန္ ထမင္းတစ္ထုတ္ကိုေတာင္ ၂၀၀၀ ေပးဝယ္ၾကရတယ္လို႔ ျပည္သူတစ္ေယာက္က ေျပာျပထားၿပီး ရင္နာနာနဲ႔ပဲ အဲ့ဒီလို ေလာဘႀကီးၿပီးအျမတ္ထုတ္တတ္တဲ့

စီးပြားေရးဆန္ဆန္ စိတ္ပ်က္ဖြယ္ရာလုပ္ရပ္ေတြကို ႏို္င္ငံတကာ သဘာဝဒုကၡေဘးေတြ နဲ႔ ႏိႈင္းယွဥ္ၿပီး အခုလိုရင္ဖြင့္တင္ျပထားလို႔ ေဖာ္ျပေပးလိုက္ပါရေစ။ အျကီးအက်ယ္ဒုကၡေရာက္႐ွိေနတဲ့ ဒုကၡသည္ျပည္သူေတြအေပၚ

လုပ္ရက္ၾကလြန္းတဲ့သူေတြအားလံုး ဒီလုပ္ရပ္ေတြကိုရပ္တန္႔ေပးဖို႔လိုပါတယ္။ ျမန္မာျပည္သူေတြရဲ႕ဘဝအေပါင္း အျမန္ဆံုးေဘးကင္းစိတ္ခ်လံုျခံဳၾကပါေစလို႔ လိႈက္လွိဳက္လွဲလွဲ ဆုေတာင္းေနမိပါတယ္။

“ဂ်ပန္မွာ ဆူနာမီျဖစ္ခဲ့တယ္။ သူတို ့ႏိုင္ငံသားအခ်င္းခ်င္းဆိုတဲ့ စိတ္ဓာတ္နဲ႔ စတိုးဆိုင္ေတြဟာ ကုန္ပစၥည္းေတြကို အလကားယူဖို ့ခြင့္ျပဳၾကတယ္ ”

“အင္ဒိုနီး႐ွားမွာ မီးေတာင္ေပါက္ခဲ့တယ္။ ေနအိမ္အေဆာက္အံုပ်က္စီးသြားတဲ့ သူတို႔ႏိုင္ငံသားေတြအတြက္ ေဆာက္လုပ္ေရးသံုးပစၥည္းဆိုင္ေတြဟာ တန္ဖိုးရဲ႕ ၂၅% နဲ႔ေစ်းေလ်ာ့ ေရာင္းေပးၾကတယ္”

“အေမရိကန္မွာ မုန္တိုင္းေတြအႀကီးအက်ယ္တိုက္ခဲ့တယ္။ သူတို ့ႏိုင္ငံသားအခ်င္းခ်င္းစိတ္ဓာတ္နဲ႔ ေစ်းဆိုင္ေတြဟာ အလကားယူဖို ့ခြင့္ျပဳေပးတယ္”

”ေဟတီႏိုင္ငံမွာ ငလ်ွင္ေဘးျဖစ္ခဲ့တုန္းက ငလ်ွင္ျဖစ္ခဲ့တယ့္ေဒသတြင္း ႐ွိတဲ့ သူတို႔ႏိုင္ငံသားေတြဟာ ျပန္လည္ထူေထာင္ေရးအတြက္ ဝင္ေငြရဲ႕ ၁၀% ေအာက္တန္ဖိုးနဲ႔ ဝိုင္းဝန္းျပန္လည္ထူေထာင္ေရးမွာပါဝင္ျကတယ္”

ျမန္မာမွာ အခု မြန္၊ တနသၤာရီ ေရႀကီးေနတယ္။ ကိုယ့္ႏိုင္ငံသားအခ်င္းခ်င္းဆိုေသာ္လည္း ေဒသတြင္းစားေသာက္ကုန္ေတြရဲ႕တန္ဖိုးကို ၃ ဆ အထိျမင့္ေရာင္းေနျကတယ္တဲ့။ (သာမာန္ ထမင္းတစ္ထုတ္ကိုေတာင္ ၂၀၀၀ ေပးဝယ္ၾကရတယ္တဲ့ေလ) ။

“အ့ဲလိုလုပ္ေနတာေလးေတြရပ္ေပးၾကပါ” “ေျသာ္…. ဘယ္လိုေျပာရပါ့မလဲေလ” “စိတ္မေကာင္းဘူး” “တက္ႏိုင္တ့ဲဘက္ကလႉေပးေနတ့ဲသူေတြအားလုံးက်န္းမာခ်မ္းသာၾကပါေစ”

Unicode

မြန်မာပြည်ရဲ့ တနသာင်္ရီတိုင်းနဲ့ မွန်ပြည်နယ်မှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီး၊ရေလျံှ၊ ရေမြုပ်တဲ့ဒဏ်ကိုခံစားနေရပြီး ရေးမြို့မှာဆိုရင် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိဟာ

ရေအောက်ရောက်လုနီးပါးဖြစ်နေပြီလို့ နေ့စဉ်လို သတင်းတွေကြားသိနေရတာဟာ အင်မတန်ဝမ်းနည်းစိတ်ထိဖွယ်ရာကောင်းလှပါတယ်။ ရက်ပေါင်းဆက်တိုက် မိုးကြီးသည်းထန်ခဲပြီးတဲ့နောက်မှာ

အခုလိုအဖြစ်ဆိုးမျိုးကို မြန်မာပြည်သူတွေ ကြုံတွေ့ခံစားခဲ့ရတာဖြစ်ပြီး အသက်အိုးအိမ်စည်းစိမ်တွေသေကြေပျက်စီးနေဆဲဖြစ်သလို အခုချိန်ထိ ဒုက္ခတောထဲကမလွတ်နိုင်ကြသေးပါဘူး။

ဒါဟာ ရင်နာစရာသိပ်ကောင်းတဲ့မြင်ကွင်းတွေကို နေ့စဉ်မပြတ်ကြံုနေခဲ့ရပြီး ကြားသိနေခဲ့ရတဲ့ ပြည်သူအပေါင်းကလဲ ကယ်ဆယ်ရေးနဲ့လှူဒါန်းမှုတွေကို ငွေကြေးအားဖြင့်၊ စားနပ် ရိက္ခာပို့ဆောင်ခြင်းအားဖြင့်

တတပ်တအားနဲ့ ရေဘေးသင့်ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးနေကြတာလဲ ဝမ်းမြောက်ဝမ်းသာဖွယ်ရာသိရှိမြင်တွေ့ခဲ့ရတာပါ။ တစ်ဖက်မှာတော့ အခုရေကြီးဒုက္ခဆိုးကြံုတွေ့နေရတဲ့

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ကိုယ့်နိုင်ငံသားအချင်းချင်းဆိုသော်လည်း စားသောက်ကုန်စျေးနှုန်းတွေကို မူလစျေးထက် ၃ ဆ အထိ စျေးတင်ရာင်းနေကြတယ်လို့ပါ စိတ်မကောင်းဖွယ်ရာကြားသိနေရပါတယ်။

သာမာန် ထမင်းတစ်ထုတ်ကိုတောင် ၂၀၀၀ ပေးဝယ်ကြရတယ်လို့ ပြည်သူတစ်ယောက်က ပြောပြထားပြီး ရင်နာနာနဲ့ပဲ အဲ့ဒီလို လောဘကြီးပြီးအမြတ်ထုတ်တတ်တဲ့

စီးပွားရေးဆန်ဆန် စိတ်ပျက်ဖွယ်ရာလုပ်ရပ်တွေကို နို်င်ငံတကာ သဘာဝဒုက္ခဘေးတွေ နဲ့ နှိုင်းယှဉ်ပြီး အခုလိုရင်ဖွင့်တင်ပြထားလို့ ဖော်ပြပေးလိုက်ပါရစေ။ အကြီးအကျယ်ဒုက္ခရောက်ရှိနေတဲ့ ဒုက္ခသည်ပြည်သူတွေအပေါ်

လုပ်ရက်ကြလွန်းတဲ့သူတွေအားလုံး ဒီလုပ်ရပ်တွေကိုရပ်တန့်ပေးဖို့လိုပါတယ်။ မြန်မာပြည်သူတွေရဲ့ဘဝအပေါင်း အမြန်ဆုံးဘေးကင်းစိတ်ချလုံခြံုကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိပါတယ်။

“ဂျပန်မှာ ဆူနာမီဖြစ်ခဲ့တယ်။ သူတို ့နိုင်ငံသားအချင်းချင်းဆိုတဲ့ စိတ်ဓာတ်နဲ့ စတိုးဆိုင်တွေဟာ ကုန်ပစ္စည်းတွေကို အလကားယူဖို ့ခွင့်ပြုကြတယ် ”

“အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ခဲ့တယ်။ နေအိမ်အဆောက်အုံပျက်စီးသွားတဲ့ သူတို့နိုင်ငံသားတွေအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်တွေဟာ တန်ဖိုးရဲ့ ၂၅% နဲ့စျေးလျော့ ရောင်းပေးကြတယ်”

“အမေရိကန်မှာ မုန်တိုင်းတွေအကြီးအကျယ်တိုက်ခဲ့တယ်။ သူတို ့နိုင်ငံသားအချင်းချင်းစိတ်ဓာတ်နဲ့ စျေးဆိုင်တွေဟာ အလကားယူဖို ့ခွင့်ပြုပေးတယ်”

”ဟေတီနိုင်ငံမှာ ငလျှင်ဘေးဖြစ်ခဲ့တုန်းက ငလျှင်ဖြစ်ခဲ့တယ့်ဒေသတွင်း ရှိတဲ့ သူတို့နိုင်ငံသားတွေဟာ ပြန်လည်ထူထောင်ရေးအတွက် ဝင်ငွေရဲ့ ၁၀% အောက်တန်ဖိုးနဲ့ ဝိုင်းဝန်းပြန်လည်ထူထောင်ရေးမှာပါဝင်ကြတယ်”

မြန်မာမှာ အခု မွန်၊ တနင်္သာရီ ရေကြီးနေတယ်။ ကိုယ့်နိုင်ငံသားအချင်းချင်းဆိုသော်လည်း ဒေသတွင်းစားသောက်ကုန်တွေရဲ့တန်ဖိုးကို ၃ ဆ အထိမြင့်ရောင်းနေကြတယ်တဲ့။ (သာမာန် ထမင်းတစ်ထုတ်ကိုတောင် ၂၀၀၀ ပေးဝယ်ကြရတယ်တဲ့လေ) ။

“အဲ့လိုလုပ်နေတာလေးတွေရပ်ပေးကြပါ” “သြော်…. ဘယ်လိုပြောရပါ့မလဲလေ” “စိတ်မကောင်းဘူး” “တက်နိုင်တဲ့ဘက်ကလှူပေးနေတဲ့သူတွေအားလုံးကျန်းမာချမ်းသာကြပါစေ”

Leave a Reply

Your email address will not be published. Required fields are marked *