ဆရာဝန္နဲ႔ ျပသျခင္းမျပဳဘဲ ေခါင္းကုိက္တုိင္း ေဆးဝယ္ေသာက္ေလ့ရွိသူ၊ ေဆး႐ုံေရာက္ၿပီး မၾကာမီမွာေသဆုံး

အသက္ (၂၅)ႏွစ္အရြယ္ ထုိင္းႏုိင္ငံက အမ်ိဳးသမီးတစ္ဦးဟာ၊ သူမ ေခါင္းကိုက္တုိင္း ကိုယ့္ဖာသာ ေဆးဝယ္ေသာက္ေလ့ရွိေၾကာင္း သိရပါတယ္။ သူမဟာ တစ္ႏွစ္ၾကာ မိမိဖာသာ ေဆးဝယ္ေသာက္ရင္း၊

ေနာက္ဆုံးေတာ့ ေဆးရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြ ခံစားခဲ့ရၿပီး၊ အသက္ေသဆုံးသည္အထိ ျဖစ္ခဲ့ရပါတယ္။ အဆုိ္ပါ အမ်ိဳးသမီးဟာ Migraines လုိ႔ေခၚတဲ့ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ၊

မီးယပ္လာတုိင္း နာက်င္ကုိက္ခဲတဲ့ ေရာဂါေတြ ခံစားခဲ့ရပါတယ္။ ဒါေပမယ့္ သူမဟာ တတ္ကၽြမ္းနားလည္တဲ့ ဆရာဝန္နဲ႔ ျပသျခင္းမျပဳဘဲ၊ ေဆးဆုိင္ကေန သင့္ေတာ္မယ္ထင္တဲ့ ေဆးဝါးေတြကုိ ဝယ္ေသာက္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ၾသဂုတ္လ (၂)ရက္ေန႔မွာေတာ့ ေခါင္းအလြန္ကိုက္လုိ႔ အလုပ္ကေန အနားယူသည္အထိ ျဖစ္ခဲ့ရပါတယ္။ ခႏၶာကုိယ္တစ္ခုလုံးလည္း နာက်င္ေနၿပီး၊ ေမာပန္းႏြမ္းနယ္ကာ ရင္ဘတ္ထဲကေန စူးကနဲေအာင့္တယ္လုိ႔ ေျပာပါတယ္။

မိသားစုဝင္ေတြက သူမကုိ ေဆး႐ုံအျမန္ တင္ခဲ့ရာ၊ ေဒါက္တာေတြက စမ္းသပ္ၾကည့္ခဲ့ပါတယ္။ အဓိကအားျဖင့္ေတာ့ သူမဟာ ေသြးဖိအားအလြန္က်ဆင္းေနပါတယ္။ ဒါဟာ သူမ ေလာေလာလက္လက္ ေသာက္ထားတဲ့ ေဆးေတြရဲ႕ ဆုိးက်ိဳးေတြေၾကာင့္ပါ။

ဒီလုိနဲ႔ သူမကို စိတ္ခ်ရတဲ့ အေနအထားျဖစ္ေအာင္ ကုသေပးၿပီး၊ ၾသဂုတ္လ (၉)ရက္မွာ အာ႐ုံေၾကာအထူးကုနဲ႔ လာေရာက္ျပသလုိ႔ ရက္ခ်ိန္းေပးလုိက္ပါတယ္။ အဲဒီေနာက္ ေဆး႐ုံက ဆင္းခြင့္ရခဲ့ပါတယ္။

ၾသဂုတ္လ (၂)ရက္ ညသန္းေခါင္မွာ သူမဟာ မၾကာခဏအန္ၿပီး၊ ေခါင္းေတြ တအားကိုက္ေနတာေၾကာင့္ အိပ္မေပ်ာ္ခဲ့ပါဘူးတဲ့။ ၾသဂုတ္ (၃)ရက္မွာ ေခါင္းကုိက္တာ မသက္သာဘဲ၊

ၾသဂုတ္(၄)ရက္မွာ ေဆး႐ုံထပ္ၿပီး တက္ခဲ့ရပါတယ္။ ေန႔လည္ပုိင္းအထိ ေဒါက္တာေတြနဲ႔ စကားအျပန္အလွန္ ေျပာႏုိင္ခဲ့ေပမယ့္၊ မြန္းလြဲပုိင္းမွာ သတိလစ္သည္အထိ အဖ်ားတက္လာလုိ႔-

ေနာက္ထပ္ ေဆး႐ုံတစ္ခုကို အေရးေပၚ လႊဲေျပာင္းေပးခဲ့ရပါတယ္။ အဲဒီေဆး႐ုံမွာ ဆက္လက္ကုသဖုိ႔ ဆရာဝန္ေတြက ႀကိဴးစားခဲ့ေသာ္လည္း၊ လူနာရဲ႕ကိုယ္ခံစြမ္းအားက အလြန္နည္းပါးေနလုိ႔၊ ေဆးေတြဆက္အသုံးျပဳဖုိ႔ မသင့္ေတာ္ဘူးလုိ႔ ဆရာဝန္ေတြက ယူဆခဲ့ပါတယ္။

ဒီလုိနဲ႔ ညဦးပုိင္းေလာက္မွာပဲ အဆုိပါ အမ်ိဳးသမီး ကြယ္လြန္သြားပါတယ္။ ဒီအေၾကာင္းကုိ ေသဆုံးသူရဲ႕ ညီမျဖစ္သူက အျခားသူေတြကုိ သတိေပးလုိတာေၾကာင့္ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာပါ။

ေဆးဝါးေတြဟာ ဆရာဝန္ေတြ၊ တတ္ကၽြမ္းနားလည္တဲ့ ေဆးပညာရွင္ေတြရဲ႕ အၾကံျပဳခ်က္မပါဘဲ မသုံးေဆာင္သင့္တဲ့ အရာေတြပါ။ တစ္ခါတေလ ေခါင္းမူးေခါင္းကိုက္တာေလာက္ကုိ

ပါရာစီတေမာလ္နဲ႔ ဘာမီတြန္ေသာက္ရင္ ေပ်ာက္တယ္လုိ႔ ေတြးတာမွန္ေပမယ့္၊ တစ္ကယ္ျဖစ္ေနတဲ့ ေရာဂါနဲ႔ ေဆး တစ္ျခားဆီျဖစ္တဲ့အခါ နစ္နာသူက ကုိယ္တုိင္ပဲ ျဖစ္လာမွာပါ။

Unicode

အသက် (၂၅)နှစ်အရွယ် ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ၊ သူမ ခေါင်းကိုက်တိုင်း ကိုယ့်ဖာသာ ဆေးဝယ်သောက်လေ့ရှိကြောင်း သိရပါတယ်။ သူမဟာ တစ်နှစ်ကြာ မိမိဖာသာ ဆေးဝယ်သောက်ရင်း၊

နောက်ဆုံးတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရပြီး၊ အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရပါတယ်။ အဆို်ပါ အမျိုးသမီးဟာ Migraines လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊

မီးယပ်လာတိုင်း နာကျင်ကိုက်ခဲတဲ့ ရောဂါတွေ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူမဟာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသခြင်းမပြုဘဲ၊ ဆေးဆိုင်ကနေ သင့်တော်မယ်ထင်တဲ့ ဆေးဝါးတွေကို ဝယ်သောက်ခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ (၂)ရက်နေ့မှာတော့ ခေါင်းအလွန်ကိုက်လို့ အလုပ်ကနေ အနားယူသည်အထိ ဖြစ်ခဲ့ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း နာကျင်နေပြီး၊ မောပန်းနွမ်းနယ်ကာ ရင်ဘတ်ထဲကနေ စူးကနဲအောင့်တယ်လို့ ပြောပါတယ်။

မိသားစုဝင်တွေက သူမကို ဆေးရုံအမြန် တင်ခဲ့ရာ၊ ဒေါက်တာတွေက စမ်းသပ်ကြည့်ခဲ့ပါတယ်။ အဓိကအားဖြင့်တော့ သူမဟာ သွေးဖိအားအလွန်ကျဆင်းနေပါတယ်။ ဒါဟာ သူမ လောလောလက်လက် သောက်ထားတဲ့ ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။

ဒီလိုနဲ့ သူမကို စိတ်ချရတဲ့ အနေအထားဖြစ်အောင် ကုသပေးပြီး၊ သြဂုတ်လ (၉)ရက်မှာ အာရုံကြောအထူးကုနဲ့ လာရောက်ပြသလို့ ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီနောက် ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။

သြဂုတ်လ (၂)ရက် ညသန်းခေါင်မှာ သူမဟာ မကြာခဏအန်ပြီး၊ ခေါင်းတွေ တအားကိုက်နေတာကြောင့် အိပ်မပျော်ခဲ့ပါဘူးတဲ့။ သြဂုတ် (၃)ရက်မှာ ခေါင်းကိုက်တာ မသက်သာဘဲ၊

သြဂုတ်(၄)ရက်မှာ ဆေးရုံထပ်ပြီး တက်ခဲ့ရပါတယ်။ နေ့လည်ပိုင်းအထိ ဒေါက်တာတွေနဲ့ စကားအပြန်အလှန် ပြောနိုင်ခဲ့ပေမယ့်၊ မွန်းလွဲပိုင်းမှာ သတိလစ်သည်အထိ အဖျားတက်လာလို့-

နောက်ထပ် ဆေးရုံတစ်ခုကို အရေးပေါ် လွှဲပြောင်းပေးခဲ့ရပါတယ်။ အဲဒီဆေးရုံမှာ ဆက်လက်ကုသဖို့ ဆရာဝန်တွေက ကြိူးစားခဲ့သော်လည်း၊ လူနာရဲ့ကိုယ်ခံစွမ်းအားက အလွန်နည်းပါးနေလို့၊ ဆေးတွေဆက်အသုံးပြုဖို့ မသင့်တော်ဘူးလို့ ဆရာဝန်တွေက ယူဆခဲ့ပါတယ်။

ဒီလိုနဲ့ ညဦးပိုင်းလောက်မှာပဲ အဆိုပါ အမျိုးသမီး ကွယ်လွန်သွားပါတယ်။ ဒီအကြောင်းကို သေဆုံးသူရဲ့ ညီမဖြစ်သူက အခြားသူတွေကို သတိပေးလိုတာကြောင့် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။

ဆေးဝါးတွေဟာ ဆရာဝန်တွေ၊ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်တွေရဲ့ အကြံပြုချက်မပါဘဲ မသုံးဆောင်သင့်တဲ့ အရာတွေပါ။ တစ်ခါတလေ ခေါင်းမူးခေါင်းကိုက်တာလောက်ကို

ပါရာစီတမောလ်နဲ့ ဘာမီတွန်သောက်ရင် ပျောက်တယ်လို့ တွေးတာမှန်ပေမယ့်၊ တစ်ကယ်ဖြစ်နေတဲ့ ရောဂါနဲ့ ဆေး တစ်ခြားဆီဖြစ်တဲ့အခါ နစ်နာသူက ကိုယ်တိုင်ပဲ ဖြစ်လာမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *