အေမရင္းျဖစ္သူရဲ႕ ပိုင္ဆိုင္မႈေတြလိုခ်င္လို႔ (၄) ၾကိမ္တိုင္တိုင္ လုပ္ၾကံခဲ႔တဲ႔ သမီးမိုက္

မူးယစ္ေဆး၀ါးမွု ့နဲ ့ေထာင္က်ေနသူ လင္ေယာက်ၤားရဲ ့အၾကံေပး ခိုင္းေစမွုနဲ ့ မိခင္ အရင္းကို ေလးၾကိမ္တိုင္ သတ္ဘို ့ၾကိဳးစားခဲ့တဲ့ ျဖစ္ရပ္ ဟာ ၾကားတဲ့သူတိုင္း မယံုနိုင္စရာပါ။

ထိုင္းနိုင္ငံသူ ကမ္က်နာ ၂၅ ႏွစ္ ဟာ မိခင္ရဲ ့ အေမြ (အသက္အာမခံ နဲ ့ ျခံေျမ) ကို ပိုင္ဆိုင္နိုင္ဘို ့ အေမအရင္းကိုေလးၾကိမ္တိုင္တိုင္ လုပ္ၾကံခဲ့တာပါ။ အသက္ ၅၅ ႏွစ္အရြယ္မိခင္ဟာ သမီးကို ခ်စ္တ့ဲစိတ္နဲ ့ အမွုမဖြင့္ခဲ့ပါဘူး။

ပထမ အၾကိမ္ လူသတ္သမားဌားျပီး မိခင္ကို ေသနတ္နဲ ့ ပစ္ခိုင္းခဲ့ေတာ့ ေသနတ္သမားက လူမွားျပီး တျခား အမ်ိဳးသမီးတစ္ဦး ပစ္ခတ္ခဲ့လို ့ မိခင္ဟာ အသက္မေသးခဲ့ပါဘူး။

ဒုတိယ အၾကိမ္မွာလမ္းမွာ မိခင္ဟာ ကားေမာင္းေျပးခဲ့လို ့ပစ္သတ္မယ့္ေသနတ္သမား လက္က လြတ္ေျမာက္သြားပါတယ္။ တတိယ အၾကိမ္ကေတာ့ သမီးျဖစ္သူကိုယ္တိုင္ မိခင္ေသာက္ေနၾက ေဖ်ာ္ရည္ဖန္ခြက္မွာ ပိုးသတ္ေဆး ေရာထည့္ ထားတာပါ။

မိခင္ျဖစ္သူဟာ အဆိပ္ေရ ဖန္ခြက္ကို ေသာက္မယ္လုပ္ျပီးမွ ေဖ်ာ္ေရအနံ ့ဟာ ပံုမွန္မဟုတ္လို ့ ေဆးခတ္ထားမွန္း သိသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ေတာ့ ပိုေသျခာေအာင္ လူသတ္သမား ႏွစ္ဦးဌားျပီး

သမီးက မိခင္ စက္ဘီးစီး အျပင္ထြက္တဲ့အခ်ိန္ေသနတ္သမားေတြကို ဖုန္းဆက္အေၾကာင္းၾကားခဲ့ပါတယ္။ ကားေပၚကေန ေသနတ္သမား ပစ္ခတ္လိုက္လို ့ မိခင္ရဲ ့ ရင္အံုကို ထိမွန္သြားခဲ့ပါတယ္။

ေနာက္ဆံုးအၾကိမ္လုပ္ၾကံမွုမွာ ရဲတပ္ဖြဲ ့က အမွုေဖၚထုတ္နိုင္ျပီးတရားခံ သမီးျဖစ္သူနဲ ့ ေထာင္က်ေနတဲ့ လင္အပါအ၀င္ ေသနတ္သမားႏွစ္ဦးကို ဖမ္းဆီးအရးယူ ခဲ့ပါတယ္။

ေဆးရံုတင္ထားရတဲ့ မိခင္ျဖစ္သူဟာ ေသနတ္က်ည္ဆံခြဲထုတ္ျပီး သတိယလာတဲ့အခ်ိန္မွာ သမီးကိုဖမ္းလိုက္တာသိသြားလို ့ စိတ္မေကာင္းျဖစ္ရေၾကာင့္ သူမသမီးရဲ ့ မိုက္လံုးၾကီးမွုကို ခြင့္လြတ္ပါတယ္လို ့ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

Unicode

မူးယစ်ဆေးဝါးမှု ့နဲ ့ထောင်ကျနေသူ လင်ယောကျင်္ားရဲ ့အကြံပေး ခိုင်းစေမှုနဲ ့ မိခင် အရင်းကို လေးကြိမ်တိုင် သတ်ဘို ့ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ဟာ ကြားတဲ့သူတိုင်း မယုံနိုင်စရာပါ။

ထိုင်းနိုင်ငံသူ ကမ်ကျနာ ၂၅ နှစ် ဟာ မိခင်ရဲ ့ အမွေ (အသက်အာမခံ နဲ ့ ခြံမြေ) ကို ပိုင်ဆိုင်နိုင်ဘို ့ အမေအရင်းကိုလေးကြိမ်တိုင်တိုင် လုပ်ကြံခဲ့တာပါ။ အသက် ၅၅ နှစ်အရွယ်မိခင်ဟာ သမီးကို ချစ်တဲ့စိတ်နဲ ့ အမှုမဖွင့်ခဲ့ပါဘူး။

ပထမ အကြိမ် လူသတ်သမားဌားပြီး မိခင်ကို သေနတ်နဲ ့ ပစ်ခိုင်းခဲ့တော့ သေနတ်သမားက လူမှားပြီး တခြား အမျိုးသမီးတစ်ဦး ပစ်ခတ်ခဲ့လို ့ မိခင်ဟာ အသက်မသေးခဲ့ပါဘူး။

ဒုတိယ အကြိမ်မှာလမ်းမှာ မိခင်ဟာ ကားမောင်းပြေးခဲ့လို ့ပစ်သတ်မယ့်သေနတ်သမား လက်က လွတ်မြောက်သွားပါတယ်။ တတိယ အကြိမ်ကတော့ သမီးဖြစ်သူကိုယ်တိုင် မိခင်သောက်နေကြ ဖျော်ရည်ဖန်ခွက်မှာ ပိုးသတ်ဆေး ရောထည့် ထားတာပါ။

မိခင်ဖြစ်သူဟာ အဆိပ်ရေ ဖန်ခွက်ကို သောက်မယ်လုပ်ပြီးမှ ဖျော်ရေအနံ ့ဟာ ပုံမှန်မဟုတ်လို ့ ဆေးခတ်ထားမှန်း သိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တော့ ပိုသေခြာအောင် လူသတ်သမား နှစ်ဦးဌားပြီး

သမီးက မိခင် စက်ဘီးစီး အပြင်ထွက်တဲ့အချိန်သေနတ်သမားတွေကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ကားပေါ်ကနေ သေနတ်သမား ပစ်ခတ်လိုက်လို ့ မိခင်ရဲ ့ ရင်အုံကို ထိမှန်သွားခဲ့ပါတယ်။

နောက်ဆုံးအကြိမ်လုပ်ကြံမှုမှာ ရဲတပ်ဖွဲ ့က အမှုဖေါ်ထုတ်နိုင်ပြီးတရားခံ သမီးဖြစ်သူနဲ ့ ထောင်ကျနေတဲ့ လင်အပါအဝင် သေနတ်သမားနှစ်ဦးကို ဖမ်းဆီးအရးယူ ခဲ့ပါတယ်။

ဆေးရုံတင်ထားရတဲ့ မိခင်ဖြစ်သူဟာ သေနတ်ကျည်ဆံခွဲထုတ်ပြီး သတိယလာတဲ့အချိန်မှာ သမီးကိုဖမ်းလိုက်တာသိသွားလို ့ စိတ်မကောင်းဖြစ်ရကြောင့် သူမသမီးရဲ ့ မိုက်လုံးကြီးမှုကို ခွင့်လွတ်ပါတယ်လို ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *