ပျိုမေတို့ အတွက် ဂျင်းကို အသုံးပြုပေးပြီး ဆံပင်တွေကို အံ့မခန်း အရှည်မြန်လာစေမယ့် နည်းလမ်းများ
Unicode
ဆံပင်ပေါက်နှေးသူတွေ၊ ဂတုံးတုံးပြီးတော့မှ ဆံပင်အရှည်နှေးသူတွေအတွက် အသုံးဝင်မယ့်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဂျင်းက ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထူးကောင်းမွန်တာကို လူတိုင်းနီးပါး သိပြီးသား ဖြစ်မှာပါ။
ဒါ့အပြင်ဂျင်းဟာ ဆံပင်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ (၁) ဂျင်း နဲ့ သံပရိုရည်။ ။ ဂျင်း (ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၂ ဇွန်း ) ၊ နှမ်းဆီ(စားပွဲတင်ဇွန်း၃ဇွန်း)၊
သံပရိုရည်(လက်ဖက်ရည်ဇွန်း တစ်ဝက်)။ ပါ၀င်ပစ္စည်းတွေကိုရောနယ်ပေးပြီးရလာတဲ့အနှစ်ကိုဉ်ီးရေပြားပေါ်လိမ်းပေးပါ။မိနစ်(၃၀)လောက်အခြောက်ထားပေးပြီး ခေါင်းလျှော်ပေးပါ။
(၂) ဂျင်း။ ။ ဂျင်း (ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၂ ဇွန်း ) ၊ ရေ။ဂျင်းကို ကြိတ်ရာမှာရေအနည်းငယ်ရောပေးပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ် လိမ်းပေးပြီး (၄၅)မိနစ်လောက် အခြောက်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ပေးပါ။
(၃) ဂျင်း နဲ့ ကြက်သွန်နီ။ ။ ဂျင်း (ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၂ ဇွန်း)၊ကြက်သွန်နီ(ကြိတ်ပြီးသားစားပွဲတင်ဇွန်း၁ဇွန်း)။ ကြိတ်ပြီးသား ပါ၀င်ပစ္စည်းတွေကိုအရည်ညှစ်ထုတ်ပေးပါ။
ရလာတဲ့အရည်ကိုဦးရေပြားပေါ်လိမ်းပေးပါ။ မိနစ်(၂၀)လောက်အခြောက်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ပေးပါ။ အားလုံးပဲ လှပသော ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်…
Leave a Reply
Your email address will not be published. Required fields are marked *