မိခင္ျဖစ္သူကို ဂိမ္းကစားလို႔ရတဲ့ ဆုေၾကးနဲ႔ အိမ္ဝယ္ေပးခဲ့တဲ့ (၁၅)ႏွစ္သား ေကာင္ေလး

တစ္ႏွစ္ တစ္ခါက်င္းပေနတဲ့ Fortnite World Cup ၿပိဳင္ပြဲႀကီးဟာ ၿပီးဆုံးသြားခဲ့ပါၿပီ။ ဒီတစ္ေခါက္ပြဲမွာ ဆုရခဲ့သူေတြကို ၾကည့္မယ္ဆိုရင္ အသက္ ၁၆ ႏွစ္ပတ္ဝန္းက်င္ရွိတဲ့ လူငယ္ေလးေတြ ပိုမ်ား လို႔ေန ခဲ့ ပါတယ္။

Solo အတြက္ ပထမဆုကို အသက္ ၁၆ ႏွစ္အ႐ြယ္ Kyle “Bugha” Giersdorf, ဒုတိယဆုကိုေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ Harrison “Psalm” Chang နဲ႔ တတိယဆုကိုေတာ့ Shane “EpikWhale” Cotton ဆိုတဲ့ ကေလေလးကလည္းေကာင္း

duo အပိုင္းမွာဆိုရင္ေတာ့ ပထမဆုက Emil “Nyhrox” Bergquist Pedersen နဲ႔ David “Aqua” Wang တို႔က ပထမဆု၊ ဒုတိယ ဆု ကိုေတာ့ Dave “Rojo” Jong နဲ႔ Jaden “Wolfiez” Ashman တို႔ရ ရွိခဲ့ပါတယ္။

အဲဒီအထဲကမွ Jaden Ashman ဆိုတဲ့ ေကာင္ေလးဟာ ေအသက္ ၁၅ ႏွစ္သာ ရွိပါေသးတယ္။ ၁၅ ႏွစ္သားေလးနဲ႔ ေန႔ခ်င္းညခ်င္း သန္းႂကြယ္ သူေဌးေလး ျဖစ္သြားခဲ့တာဟာ ေတာ္ေတာ္ေလးကို ခ်ီးက်ဴးဖို႔ေကာင္းေနပါတယ္။

Jaden Ashman ဟာ ၿဗိ တိန္ သား ေလး ျဖစ္ ၿပီး မိ ခင္ နဲ႔ အတူတူ ေနထိုင္ေနပါတယ္။ ရရႈိတဲ့ဆုေၾကးေငြကိုေတာ့ မိခင္ျဖစ္သူကို အကုန္အပ္ခဲ့ၿပီး အေမျဖစ္သူအတြက္ အိမ္တစ္နဲ႔ ကားတစ္ စီးေလာက္ ဝယ္ေပးမယ္လို႔ ဆုံးျဖတ္ထားခဲ့ၿပီး

သူ႔အတြက္ကိုေတာ့ အရမ္းလိုခ်င္ေနတဲ့ GUCCI ဖိနပ္ ေလး တစ္ရံေလာက္ပဲ ဝယ္သြားျဖစ္မယ္ဆိုၿပီး NY Post မွာ ေဖာ္ျပ ထားခဲ့ပါတယ္။ ဒါေပမဲ့ မိခင္ အေနနဲ႔ကေတာ့ သားေလးကို game ေဆာ့ ေနတာထက္စာရင္ ေက်ာင္းစာမွာ ပိုအခ်ိန္ေပးၿပီး ႀကိဳးစား ေစခ်င္ ေနရွာပါတယ္။

အရင္တုန္းကဆိုရင္ ေက်ာင္းကေနၿပီး Jaden က အတန္းခ်ိန္မွာ အိပ္ေပ်ာ္ေပ်ာ္သြားတယ္လို႔ ဖုန္းဆက္ အတိုင္ခံရတဲ့အတြက္ သူ႔ရဲ႕ X-Box ဂိမ္းစက္ႀကီးကို ပစ္ေပါက္ထုတ္ခဲ့ၿပီး ဆက္ထားတဲ့ ပစၥည္းေတြကိုလည္း ခ်ိဳးပစ္ဖူးတယ္လို႔ ေျပာခဲ့ပါတယ္။

Jaden ကေတာ့ world cup ခ်န္ပီယံပီပီ တစ္ေန႔ကို ၁၀ နာရီေလာက္ ဂိမ္းထဲမွာ အာ႐ုံႏွစ္ကာ ေနာက္ ထပ္ world cup ဝင္ၿပိဳင္မယ္ သူေတြ အတြက္ နည္းျပအျဖစ္ လုပ္ကိုင္ေပးေနခဲ့ၿပီး

Lazarus ဆိုတဲ့ ဂိမ္းအဖြဲ႕နဲ႔လည္း လစာအျဖစ္ တစ္လကို ေဒၚလာ ၅၉,၀၀၀ နဲ႔ အဖြဲ႕ဝင္ဖို႔ သေဘာတူ လက္မွတ္ ထိုးထားခဲ့ ၿပီပဲျဖစ္ ပါတယ္။

Unicode

တစ်နှစ် တစ်ခါကျင်းပနေတဲ့ Fortnite World Cup ပြိုင်ပွဲကြီးဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီတစ်ခေါက်ပွဲမှာ ဆုရခဲ့သူတွေကို ကြည့်မယ်ဆိုရင် အသက် ၁၆ နှစ်ပတ်ဝန်းကျင်ရှိတဲ့ လူငယ်လေးတွေ ပိုများ လို့နေ ခဲ့ ပါတယ်။

Solo အတွက် ပထမဆုကို အသက် ၁၆ နှစ်အရွယ် Kyle “Bugha” Giersdorf, ဒုတိယဆုကိုတော့ အသက် ၂၄ နှစ်အရွယ် Harrison “Psalm” Chang နဲ့ တတိယဆုကိုတော့ Shane “EpikWhale” Cotton ဆိုတဲ့ ကလေလေးကလည်းကောင်း

duo အပိုင်းမှာဆိုရင်တော့ ပထမဆုက Emil “Nyhrox” Bergquist Pedersen နဲ့ David “Aqua” Wang တို့က ပထမဆု၊ ဒုတိယ ဆု ကိုတော့ Dave “Rojo” Jong နဲ့ Jaden “Wolfiez” Ashman တို့ရ ရှိခဲ့ပါတယ်။

အဲဒီအထဲကမှ Jaden Ashman ဆိုတဲ့ ကောင်လေးဟာ အေသက် ၁၅ နှစ်သာ ရှိပါသေးတယ်။ ၁၅ နှစ်သားလေးနဲ့ နေ့ချင်းညချင်း သန်းကြွယ် သူဌေးလေး ဖြစ်သွားခဲ့တာဟာ တော်တော်လေးကို ချီးကျူးဖို့ကောင်းနေပါတယ်။

Jaden Ashman ဟာ ဗြိ တိန် သား လေး ဖြစ် ပြီး မိ ခင် နဲ့ အတူတူ နေထိုင်နေပါတယ်။ ရရှိုတဲ့ဆုကြေးငွေကိုတော့ မိခင်ဖြစ်သူကို အကုန်အပ်ခဲ့ပြီး အမေဖြစ်သူအတွက် အိမ်တစ်နဲ့ ကားတစ် စီးလောက် ဝယ်ပေးမယ်လို့ ဆုံးဖြတ်ထားခဲ့ပြီး

သူ့အတွက်ကိုတော့ အရမ်းလိုချင်နေတဲ့ GUCCI ဖိနပ် လေး တစ်ရံလောက်ပဲ ဝယ်သွားဖြစ်မယ်ဆိုပြီး NY Post မှာ ဖော်ပြ ထားခဲ့ပါတယ်။ ဒါပေမဲ့ မိခင် အနေနဲ့ကတော့ သားလေးကို game ဆော့ နေတာထက်စာရင် ကျောင်းစာမှာ ပိုအချိန်ပေးပြီး ကြိုးစား စေချင် နေရှာပါတယ်။

အရင်တုန်းကဆိုရင် ကျောင်းကနေပြီး Jaden က အတန်းချိန်မှာ အိပ်ပျော်ပျော်သွားတယ်လို့ ဖုန်းဆက် အတိုင်ခံရတဲ့အတွက် သူ့ရဲ့ X-Box ဂိမ်းစက်ကြီးကို ပစ်ပေါက်ထုတ်ခဲ့ပြီး ဆက်ထားတဲ့ ပစ္စည်းတွေကိုလည်း ချိုးပစ်ဖူးတယ်လို့ ပြောခဲ့ပါတယ်။

Jaden ကတော့ world cup ချန်ပီယံပီပီ တစ်နေ့ကို ၁၀ နာရီလောက် ဂိမ်းထဲမှာ အာရုံနှစ်ကာ နောက် ထပ် world cup ဝင်ပြိုင်မယ် သူတွေ အတွက် နည်းပြအဖြစ် လုပ်ကိုင်ပေးနေခဲ့ပြီး

Lazarus ဆိုတဲ့ ဂိမ်းအဖွဲ့နဲ့လည်း လစာအဖြစ် တစ်လကို ဒေါ်လာ ၅၉,၀၀၀ နဲ့ အဖွဲ့ဝင်ဖို့ သဘောတူ လက်မှတ် ထိုးထားခဲ့ ပြီပဲဖြစ် ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *