စီးပွားရေးမှာ အင်အားကြီးနိုင်ငံ ဖြစ်နေတဲ့ တရုတ်တို့ရဲ့ ဈေးရောင်းနည်း

တရုတ်တွေဟာ ကမ္ဘာပေါ်မှာ စီးပွားအရှာ အတော်ဆုံးလို့ ဆိုစမှတ်ပြု ကြပါတယ် ။ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို မီးခိုးရှိရင် ခေါက်ဆွဲဆိုင်ရှိတယ် ။ ခေါက်ဆွဲရှိရင် တရုတ် ရှိတယ် ။ တရုတ်လိုရှာ ဗမာလို မဖြုန်းနဲ့ ဆိုတဲ့ စကားတွေ ကလည်း တရုတ်တွေရဲ့ ရောက်တဲ့ နေရာမှာ စီးပွားရေးကို ရှာကြံ လုပ်တတ်တယ် ဆိုတာကို ထင်ဟပ်နေ ပါတယ် ။

တရုတ်တွေရဲ့ စီးပွားရေး လုပ်ဟန်ကို နားလည်ပြီး အောင်မြင်ဖို့ အတွက် ရှေးတရုတ် လူကြီးသူမတွေ ဆုံးမလေ့ ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက်ကို လေ့လာကြည့်ရအောင်ပါ ။

(၁) ဆိုင်နေရာ ကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီး ပါတယ် ။

(၂) ရောင်းကုန်ရဲ့အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

(၃) စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ် ။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

(၄) အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက် ၊ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့် ပါတယ် ။

(၅) ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေ တတ်ပါတယ် ။ ဈေးချိုတယ် ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

(၆) ဝယ်သူကို တောက်လျှောက် လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်း တိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

(၇) ပိုက်ဆံ တကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူ တတ်တယ် ။ တန်ဖိုး ပိုရှိတယ် ။

(၈) ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

(၉) စားသုံးသူရဲ့ရှေ့မှာဆိုင်ဝန်ထမ်းတွေကို ဆဲဆို အပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။

(၁၀) နည်းနည်း၊ များများ လက်ကား ဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

(၁၁) ရောင်းကုန်ပစ္စည်း ပြတ်သွားတယ် ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊စော်ကားတာနဲ့ အတူတူပဲ။

(၁၂) ဈေးနူန်း တခုတည်း ဖြစ်ပါစေ ၊တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေ ပါတယ် ။

(၁၃) ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ကုန်ပစ္စည်းကို ရောင်းချနေတာပါ ။

(၁၄) စက္ကူတရွက်ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြ ပါတယ် ။

(၁၅) ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ ကလေး ဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူး ဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း မလုပ်ဘူး) ဆိုတာ လူတွေ သိပါစေ ။

(၁၆) အသစ်ထွင်ပါ ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ ။

(၁၇) အရောင်းအဝယ် ကြီးကြီးသေးသေး အစွမ်းကုန် ကြိုးစားပါ ။ ဆိုင်တခုလုံး ရှင်သန်နေပါစေ။ ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြ ပါလိမ့်မယ် ။

ကြားသိ မှတ်သားဖူးသည်များကို တဆင့်ပြန်လည် ဖောက်သည်ချ မျှဝေပေးခြင်း ဖြစ်ပါသည်။

စာပေဟုခေါ်သည်

Leave a Reply

Your email address will not be published. Required fields are marked *