မကွေးမြို့ ငွေ​သောင်​ယံ​သောင်​ပြင်​တွင် အပန်း​ဖြေသူ ၃ ဦး ရေစီးနှင့်မျောပါ သေဆုံး။

မ​ကွေးမြို့၊ နံကပ်​ကျွန်းအုပ်​စု၊ ​ငွေ​သောင်​ယံ​သောင်​ပြင်​မှာ ​ဖေ​ဖော်​ဝါရီ ၃ ရက်​​ည​နေက လာ​ရောက်​အပန်း​ဖြေသူ ၄ ဦး ဧရာဝတီမြစ်​​ရေစီးနဲ့ မျောပါခဲ့ရာ အမျိုးသမီး ၁ဦး အသက်​ရှင်​လျက်​ ဆယ်​ယူရရှိပြီး ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ဦးကိုတော့ ဖေ​ဖော်​ဝါရီ ၄ ရက်​​မှာ အ​လောင်း ဆယ်​ယူရရှိခဲ့ပါတယ်။

အ​ပျော်​စီး ​လှေအဖွဲ့ ​ခေါင်း​ဆောင်​ ကိုလှထွန်းက “သူတို့ ရှစ်​​ယောက်​အဖွဲ့မှာ ​ရေကစားသူ လေး​ယောက်​နစ်​တာဖြစ်​ပြီး တယောက်​ပဲ ဆယ်​လို့ရခဲ့တာပါ။ ဖြစ်​ဖြစ်​ချင်း ကုန်း​ပေါ်မှာရှိတဲ့သူ​တွေ ​အော်​ဟစ်​အကူညီ​တောင်းရင်​​တော့ ​လှေ​တွေနဲ့ လိုက်​ဆယ်​​ပေးလို့ ရတာ​ပေါ့” လို့ ​ပြောပါတယ်​။

မ​ကွေးမြို့ ရှင်​ဝိုင်းဟင်္သာတမုန့်​ဟင်းခါးဆိုင်​က ​ရေလာချိုးတဲ့ ဆိုင်​ရှင်​ရဲ့သား အပါဝင်​ ၄​ယောက်​ဟာရေ​ကြောင်းကို အတိမ်​ထင်​ပြီး တ​ဖက်​ကမ်းကိုဖြတ်​သွားရာက ​မျောပါနစ်​မြှုပ်​ခဲ့တာပါ။

မြစ်ထဲမှာဦးထုပ်​​ပေါ်​နေတဲ့အတွက်​ မြို့​ဟောင်​ရပ်​က​ ရေလုပ်​သားက ကယ်​ဆယ်​ခဲ့ရာမှာ အမျိုးသမီးတဦး အသက်​ရှင်​ခွင့်ရပြီး ကျန်​သုံးဦး​ ပျောက်​ဆုံး​နေခဲ့ ပါတယ်​။

ပျောက်​ဆုံး​နေတဲ့ အမျိုးသားအ​လောင်း​တွေကိုတော့ နောက်တနေ့ ဖေ​ဖော်​ဝါရီလ ၄ ရက်​​မှာ ရှာ​ဖွေ​ တွေ့ရှိခဲ့ပြီး မ​ကွေးမြို့မ ရဲစခန်းမှာ ​သေမှု​သေခင်းနဲ့အမှုဖွင့်​​ဆောင်​ရွက်​ထားတယ်​လို့​​ နံကပ်​ကျွန်း​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးမြဝင်းက ပြောပါတယ်​။

အဆိုပါ ​ငွေ​သောင်​ယံ အပန်း​ဖြေ​သောင်​ပြင်​ဟာ ပြီးခဲ့တဲ့ ၂ လခန့်​က ​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး အစီအစဉ်​နဲ့ ဖွင့်လှစ်​ခဲ့တာပါ။ အထက်​ဌာနက ပိတ်​ခိုင်းပါက ပိတ်​​ပေးသွားမှာဖြစ်​ပြီး ဆက်​လက် ​ခွင့်ပြုပါက စည်းကမ်းတကျ ​ဆောင်​ရွက်​သွားမယ်လို့ နံကပ်​ကျွန်းလအုပ်​ချုပ်​​ရေးမှူးက ဆိုပါတယ်​။

နံကပ်​ကျွန်း​ကျေးရွာ ရပ်​မိရပ်​ဖ ဦးတင်​ရှိန်​ကတော့ “ဖြစ်​ပြီးမှ​တော့ ဝမ်းနည်းရုံက လွဲပြီးဘာမှ မတတ်​နိုင်​​တော့ဘူး မိဘ​တွေအ​နေနဲ့ က​လေး​တွေကို မြစ်​ဆိပ်​ကို မသွားဖို့ တားမြစ်​ သင့်တယ်​။ အုပ်​ထိန်း​သူမပါဘဲ လူငယ်​ဘာသာဘာဝ ​သောက်​ကြစားကြမယ် ဆိုရင်​ အခုလို ဖြစ်​စဉ်​မျိုး ထပ်​ဖြစ်​နိုင်​တယ်​။ ဒီလိုအဖြစ်​ဆိုးမျိုး မကြုံရ​အောင်​ ​အ​ပျော်​စီး​လှေသမား​တွေကလည်း အသက်​ကယ်​​ဘောကွင်း​တွေ​ ဆောင်​ထားပြီး၊ လူငယ်​​တွေအ​နေနဲ့ ​ဒေသခံ​တွေကို ​ရေအတိမ်​အနက်​​ မေးပြီးမှ ​ဆော့ကစားသင့်တယ်​”လို့ အကြံပြုပါတယ်​။

အဆိုပါ​ရေနစ်​မြုပ်​သူ​တွေကို မ​ကွေးမြို့ ​ခေမာလူမှုကယ်​ဆယ်​​ရေးအသင်း၊ ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့၊ ဌာနဆိုင်​ရာတွေ၊ ​ရေလုပ်​သားတွေက ဝိုင်းဝန်းရှာ​ဖွေခဲ့ကြတယ်​လို့ သိရပါတယ်​။

Credit – မင်းထီး (DVB)

Leave a Reply

Your email address will not be published. Required fields are marked *