မန္တလေး​လေဆိပ်သို့ ဆင်းသက်မည့် မြန်မာ အမျိုးသား ​လေကြောင်းလိုင်းမှ Embraer 190 ​လေယာဉ်သည် ​လေယာဉ်ရှေ့ဘီး ချမရသဖြင့်​ ​ကြိုးစား ဆင်းသက်ခဲ့ရ







လေယာဉ်ပေါ်တွင်​ ခရီးသည်​ ၈၂ ဦးနှင့် လေယာဉ်​ အမှုထမ်း ၇ ဦး လိုက်ပါလာခဲ့ပြီး တစ်ဦးတစ်ယောက်မှ ထိခိုက်​ ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

UNICODE

​မေလ ၁၂ ရက်​ ​(ယနေ့) နံနက်က ရန်ကုန်​မှ မန္တလေးသို့ ပျံသန်​းလာသည်​့ မြန်မာအမျိုးသား လေကြောင်းလိုင်းမှ Embraer ​လေယာဉ်သည်​ မန္တလေးမြို့ တံတားဦး​လေဆိပ်သို့ ဆင်းသက်စဉ်

နံနက်​ ၈ နာရီ ၁၆ မိနစ်​က ​လေယာဉ်၏ ​ရှေ့ဘီးမှ ချမရခဲ့သဖြင်​့ တံတားဦး​လေယာဉ်​ကွင်းအား ​ဝေဟင်​မှ နှစ်ပတ်ခန့် ဖြတ်ကျော်​ပျံသန်းပြီး ​လေဆိပ်၏ ​လေကြောင်းထိန်း​မျှော်စင်​အား ​လေယာဉ်ဘီး အမှန်​တစ်ကယ်​ ချ ရ မရ ကြည်​့ခိုင်းခဲ့ကြောင်း သိရသည်​။

ယင်းသို့ ကြည့်ခိုင်းပြီး အမှန်တစ်ကယ်​ ​လေယာဉ်ဘီး မကျသည်ကို ​တွေ့ရှိရမှ နံနက်​ ၉ နာရီ ၈ မိနစ်​ခန့်တွင်​ကြိုးစား ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်​းသိရသည်။

“ရန်ကုန်ကနေ မန္တလေးကို ဆင်းသက်မယ့် Embraer လေယာဉ်က ရှေ့ဘီး ချမရလို့ ကွင်းကို ဖြတ်ပျံပြီး တကယ်လေယာဉ်ဘီး ကျ မကျ တာဝါကို စစ်ခိုင်းခဲ့တယ်။

ဘီး မကျတာ သေချာမှ လေယာဉ်ဆီ လျော့ဖို့ ခဏ ပတ်ပျံပြီးတော့မှ ကြိုးစား ဆင်းသတ်ခဲ့ရတယ်။ဒီ ဖြစ်စဉ် မှာ လေယာဉ်မှူးက ဒီလေယာဉ်ကို မောင်းတဲ့ အတွေ့အကြုံ ရှိပြီးသားအပြင် နည်းပြအဖြစ်ပါ တာဝန်ထမ်းဆောင်နေသူမို့

ခုလိုမျိုး လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် ၈၀ ကျော် အသက်ဘေးအန္တရာယ် ထိခိုက်မှုမရှိအောင် ကြိုးစား ဆင်းသက် နိုင်ခဲ့တာ ဖြစ်ပါတယ် ” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားခဲ့သည်။

​လေယာဉ်ပေါ်တွင်​ ခရီးသည်​ ၈၂ ဦးနှင့် လေယာဉ်​ အမှုထမ်း ရ ဦး လိုက်ပါလာခဲ့ပြီး တစ်ဦးတစ်ယောက်မှ ထိခိုက်​ ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *