မိုင္တိုင္အမွတ္ (၉)တြင္ ေဖာကားတစ္စီး တံတားေအာက္သို ့ ျပဳတ္က်တိမ္းေမွာက္မွဳ ့ျဖစ္ပြား

မၾကာခဏျဖစ္ပြားခဲ့တဲ့ ယာဥ္တိုက္မွုနဲ႔ ယာဥ္တိမ္းေမွာက္မွုသတင္းေတြကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားလၽွက္ရွိတာေတြ႕ရပါတယ္။ ေမလ ၁၂ ရက္ေန႔ ညပိုင္းကလည္း

ျပည္တြင္း ေဖာကားတစ္စီး တံတားေပၚမွ တိမ္းေမွာက္ခဲ့တာေတြ႕ရပါတယ္။ အဆိုပါ ေဖာကားကေတာ့ ဥတၱရသီရိၿမိဳ႕ရွိ တံတားေပၚမွ တိမ္းေမွာက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ” ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္ ေနျပည္ေတာ္-ကံျပား-မေကြးလမ္း မိုင္တိုင္အမွတ္ (၉)တြင္ ေမ ၁၂ ရက္ ညေန ၆ နာရီခြဲက

ရိကၡာမ်ားတင္ေဆာင္လာေသာ Faw ကားယာဥ္တစ္စီး အရွိန္မထိန္းနိုင္ဘဲ တံတားေအာက္သို႔ ျပဳတ္က်တိမ္းေမွာက္ခဲ့ေၾကာင္း ” သိရပါတယ္။

ေနျပည္ေတာ္မွမေကြးဘက္သို႔ ရိစာမ်ားတင္ေဆာင္ၿပီး ယာဥ္ေမာင္း ဦးနိုင္မင္းထြန္း ေမာင္းႏွင္လာသည့္ Faw ကား ယာဥ္အမွတ္ MGY- 4M/8— ယာဥ္သည္

ငလိုက္ေခ်ာင္းကူးတံတားအေရာက္တြင္ အရွိန္မထိန္းနိုင္ဘဲ တံတားလက္ရမ္းကိုတိုက္ကာ ငလိုက္ေခ်ာင္းအတြင္းသို႔ ထိုးက်သြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ ေဖာကားယာဥ္မထိုးက်မီမွာပဲ ယာဥ္ေမာင္းက ယာဥ္ေပၚမွခုန္ထြက္ခဲ့သည့္အတြက္ အနည္းငယ္ဒဏ္ရာရရွိခဲ့ၿပီး ေမာ္ေတာ္ယာဥ္ႏွင့္ ငလိုက္ေခ်ာင္းကူးတံတား လက္ရမ္း အနည္းငယ္ပ်က္စီးဆုံးရွုံးခဲ့ေၾကာင္း သိရပါတယ္။ တံတားပ်က္စီးမွုနဲ႔အတူ ယာဥ္ေမာင္းသူထိခိုက္မွုအနည္းငယ္သာရွိခဲ့ေၾကာင္း သိရပါတယ္။

Unicode

မကြာခဏဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုသတင်းတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ မေလ ၁၂ ရက်နေ့ ညပိုင်းကလည်း

ပြည်တွင်း ဖောကားတစ်စီး တံတားပေါ်မှ တိမ်းမှောက်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖောကားကတော့ ဥတ္တရသီရိမြို့ရှိ တံတားပေါ်မှ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ” နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-ကံပြား-မကွေးလမ်း မိုင်တိုင်အမှတ် (၉)တွင် မေ ၁၂ ရက် ညနေ ၆ နာရီခွဲက

ရိက္ခာများတင်ဆောင်လာသော Faw ကားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း ” သိရပါတယ်။

နေပြည်တော်မှမကွေးဘက်သို့ ရိစာများတင်ဆောင်ပြီး ယာဉ်မောင်း ဦးနိုင်မင်းထွန်း မောင်းနှင်လာသည့် Faw ကား ယာဉ်အမှတ် MGY- 4M/8— ယာဉ်သည်

ငလိုက်ချောင်းကူးတံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းကိုတိုက်ကာ ငလိုက်ချောင်းအတွင်းသို့ ထိုးကျသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဖောကားယာဉ်မထိုးကျမီမှာပဲ ယာဉ်မောင်းက ယာဉ်ပေါ်မှခုန်ထွက်ခဲ့သည့်အတွက် အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် ငလိုက်ချောင်းကူးတံတား လက်ရမ်း အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ တံတားပျက်စီးမှုနဲ့အတူ ယာဉ်မောင်းသူထိခိုက်မှုအနည်းငယ်သာရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *