မီးသတ္ဌာနနဲ႔ရဲတပ္ဖြဲ႕တုိ႔မွ စုေပါင္းလုပ္ေဆာင္ခဲ့တဲ့ ေသာက္သုံးေရလွူဒါန္းမွု

ျပည္တြင္း ေသာက္သုံးေရရွားပါးတဲ့ ေဒသေတြကေတာ့ မ်ားစြာရွိေနတာကို အားလုံးလည္း သိၾကမယ္ထင္ပါတယ္။

အဆိုပါ ေသာက္သုံးေရရွားပါးတဲ့ ေနရာေတြကို ပရဟိတအဖြဲ႕မ်ား နိုင္ငံေတာ္မွာ တာဝန္ရွိသူမ်ားက ကိုယ္တိုင္ကိုယ္က်သြားေရာက္လွူဒါန္းမွုေတြလည္း ျပဳလုပ္ေလ့ရွိတာေတြ႕ရပါတယ္။

အဆိုပါ ေသာက္သုံးေရရွားပါးတဲ့ ေဒသေတြကေတာ့ ျမန္မာျပည္အထက္ပိုင္းေဒသေတြသာမက ေအာက္ပိုင္းေဒသေတြလည္း ပါဝင္ေနတာေတြ႕ရပါတယ္။

ေမလ ၂၀ရက္ေန႔ ဒီကေန႔ မွာလည္း ေတာင္တြင္းႀကီးေဒသရွိ ရဲတပ္ဖြဲ႕တစ္စုက ေသာက္သုံးေရ လွူဒါန္းမွုတစ္ခုျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ လုပ္ေဆာင္မွုနဲ႔ ပတ္သက္ၿပီး “မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူး ရဲမွူး တင္ေမာင္ညိဳ၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ဦးစီးမွူး ဦးေက်ာ္စိုးဦး၊ ဆတ္သြား အရန္မီးသတ္တပ္ခြဲမွူး ဦးဇာနည္တို႔ ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕သည္

ယမန္ေန႔နံနက္ ၁၀ နာရီက ေသာက္သုံးေရ ရွားပါး/ ျပတ္လပ္လ်က္ရွိေသာ ကင္ပြန္းေတာင္အုပ္စု၊ ငါးခုံးမေက်းရြာသို႔ သြားေရာက္ၿပီး ေရဂါလံ(၁၂၀၀)ခန႔္ကို ရြာသူရြာသားမ်ားအား လွူဒါန္းခဲ့ေၾကာင္း” သိရပါတယ္။

အလားတူ ေသာက္သုံးေရလွူဒါန္းမွုေတြကို ျပည္တြင္းေနရာအႏွံ့အျပားမွာ ျပဳလုပ္ေလ့ရွိၿပီး ေရရွားပါးေဒသေတြကို တက္နိုင္သေလာက္ ပရဟိတအဖြဲ႕မ်ား နိုင္ငံတာဝန္ရွိသူေတြက လွူဒါန္းၾကတာေတြ႕ရပါတယ္။

မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွလွူဒါန္းၾကတဲ့ ေသာက္သုံးေရလွူဒါန္းမွုပုံရိပ္အခ်ိဳ႕ကိုမၽွေဝေပးလိုက္ပါတယ္။

UNICODE

ပြည်တွင်း သောက်သုံးရေရှားပါးတဲ့ ဒေသတွေကတော့ များစွာရှိနေတာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။

အဆိုပါ သောက်သုံးရေရှားပါးတဲ့ နေရာတွေကို ပရဟိတအဖွဲ့များ နိုင်ငံတော်မှာ တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမှုတွေလည်း ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။

အဆိုပါ သောက်သုံးရေရှားပါးတဲ့ ဒေသတွေကတော့ မြန်မာပြည်အထက်ပိုင်းဒေသတွေသာမက အောက်ပိုင်းဒေသတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။

မေလ ၂၀ရက်နေ့ ဒီကနေ့ မှာလည်း တောင်တွင်းကြီးဒေသရှိ ရဲတပ်ဖွဲ့တစ်စုက သောက်သုံးရေ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး “မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညို၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်စိုးဦး၊ ဆတ်သွား အရန်မီးသတ်တပ်ခွဲမှူး ဦးဇာနည်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်

ယမန်နေ့နံနက် ၁၀ နာရီက သောက်သုံးရေ ရှားပါး/ ပြတ်လပ်လျက်ရှိသော ကင်ပွန်းတောင်အုပ်စု၊ ငါးခုံးမကျေးရွာသို့ သွားရောက်ပြီး ရေဂါလံ(၁၂၀၀)ခန့်ကို ရွာသူရွာသားများအား လှူဒါန်းခဲ့ကြောင်း” သိရပါတယ်။

အလားတူ သောက်သုံးရေလှူဒါန်းမှုတွေကို ပြည်တွင်းနေရာအနှံ့အပြားမှာ ပြုလုပ်လေ့ရှိပြီး ရေရှားပါးဒေသတွေကို တက်နိုင်သလောက် ပရဟိတအဖွဲ့များ နိုင်ငံတာဝန်ရှိသူတွေက လှူဒါန်းကြတာတွေ့ရပါတယ်။

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှလှူဒါန်းကြတဲ့ သောက်သုံးရေလှူဒါန်းမှုပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *