ရေးမြို့ နယ် လမိုင်းမြို့ တွင် Online လေလံစုမဲ ကိစ္စ အငြင်းပွားဖွယ်ဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း (၈) လုံးခန့် ဖျက်ဆီးခံရ

ရေးမြို့ နယ် လမိုင်းမြို့ တွင် Online လေလံစုမဲ ကိစ္စ အငြင်းပွားဖွယ်ဖြစ်ပွားခဲ့ပြီး စုမဲဒိုင်လုပ်သူ၊ ဆွေမျိုးများ၏ နေအိမ်များနှင့် ၎င်းတို့ ပတ်သက်မှုမရှိသည့်နေအိမ် စုစုပေါင်း (၈) လုံးခန့် ဖျက်ဆီးခံရတယ်လို့ သိရှိရပါတယ် ။

မွန်ပြည်နယ် ရေးမြို့ နယ် လမိုင်းမြို့ တွင် မေ ၂၂ ရက် ညနေပိုင်းက Online လေလံစုမဲ ကိစ္စ အငြင်းပွားဖွယ်ဖြစ်ပွားခဲ့ပြီး စုမဲဒိုင်လုပ်သူ၊ ဆွေမျိုးများ၏ နေအိမ်များ နှင့်

၎င်းတို့ ပတ်သက်မှုမရှိသည့် နေအိမ် စုစုပေါင်း အိမ် ရှစ်လုံးခန့် ဖျက်ဆီးခံရကြောင်း လမိုင်းမြို့ ခံများ၏ ပြောကြားချက်များအရ သိရသည်။

“မေလ (၂၂) ရက်မှာ စုမဲဒိုင်လုပ်တဲ့ မိခိုင်ရည်မွန်တို့ နေတဲ့အိမ်ဝိုင်းထဲက နေအိမ် (၃) လုံး။ အဲ့ဒီမှာ ဘေးအိမ် (၂) လုံးက ကြောက်လို့ ထွက်ပြေးတာကိုအဲ့ဒီအိမ်တွေပါအဖျက်ခံလိုက်ရတယ်။

တချို့ ဆိုရင် ပစ္စည်းတွေပါဝင်ကောက်ကြတယ်။ မြို့ အဝင်မှာရှိတဲ့ မိခိုင်ရည်မွန် ရဲ့ ဆွေမျိုးတွေရဲ့  (၃) လုံးလောက်အဖျက် ခံရတယ်။

နောက်ပြီးတော့ သူတို့ အိမ်တွေကိုဝိုင်းဖျက်ဝိုင်းလုကြတာ စုမဲထည့်ထားတဲ့လူထက် စုမဲမထည့် ထားတဲ့လူတွေကပိုများတယ်” ဟု လမိုင်းမြို့ ခံတစ်ဦးက ပြောကြားသည်။

Online လေလံစုမဲ ကိစ္စနှင့် ပတ်သက်ပြီး စုမဲဒိုင်လုပ်သူများမှ အတိုးနှုန်းများစွာပေးသည့် အပေါ် မူတည်ပြီးတော့၊ ဒေသကလူများကလည်း စပြီးဆောင်ရွက်နေကြသည်မှာ

လနှင့် ချီ၍ကြာနေပြီဖြစ်ကြောင်း၊ ငွေရသည့်လူများလည်းရကြပြီး၊ စုငွေပြန်ထည့်ကြသည့်သူများလည်းရှိကြောင်း၊ တချို့ မှာ ရှိစုမဲ့စုလေးများရောင်းချပြီး စုမဲထည့်ကြသည့် လူများလည်းရှိပါကြောင်း လမိုင်းမြို့ ခံပြည်သူတစ်ဦးဖြစ်သူ ဦးမြသောင်း ကပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီလိုအချိန်မှာ အခုလိုပြဿနာပေါ်ပေါက်သွားတဲ့အခါကျတော့ နစ်နာတဲ့လူတွေဘက်က ပြန်ရလိုမှုနဲ့ သူတို့ စုမဲထည့်ဝင်ထားတဲ့ ဒိုင်အိမ်တွေကိုလာပြီးတော့ ရလိုမှုအတွက်ဆောင်ရွက်ကြတယ်။

အဲ့ဒီလိုအချိန်မျိုးမှာ ရလိုမှုအတွက်လိုက်နေကြတဲ့လူတွေက ဘယ်လိုနည်းနဲ့ ပြန်ရကြမလဲ။တချို့ တဝက်ရမှာလား။ အပြည့်ပြန်ရကြမလား။ အရင်းရမလား။

ဒီလိုမျိုးညှိနှိုင်းနေတဲ့အချိန်မှာ ဖျက်လိုဖျက်ဆီးမှုနဲ့ အကြမ်းဖက်မှုတွေဆောင်ရွက်လာတဲ့အခါကြတော့ ပြန်လျော်မယ့်ဒိုင်တွေအတွက်ကျတော့

သူတို့ မှာရှိနေတဲ့ ပိုက်ဆံတွေ၊ ရွှေတွေ၊ ငွေတွေ၊ အိမ်တွေယာတွေ၊ ကားတွေ ဆိုင်ကယ်တွေဖျက်ဆီးရလိုက်ရတော့ လျော်ရမယ့်ငွေတွေက လိုသလိုဖြစ်လာတော့မှာမဟုတ်ဘူး” ဟု ပြောကြားသည်။

“သူတို့ ကလျော်ပါမယ့်လို့ ကတိပေးကြတယ်။ ဒါပေမယ့် သူတို့ ဆုံးရှုံးနေတာကငွေက သိန်းသောင်းနဲ့ ချီပြီးရှိနေကြတော့ နောက်ထပ်ဒိုင်တစ်ဦးက လျော်ပါ့မယ်လို့ ကတိပေးထားတယ်။

ကတိပေးထားတဲ့အတွက် မေလ (၂၂) ရက်ကလိုမျိုး ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေပေါ်လာခဲ့ရင် ဒီဒိုင်ကလည်း အဖမ်းပဲခံလိုက်ပြီးတော့ လျော်တော့မှာမဟုတ်တော့ဘူး။

အဲ့ဒီအခါကျရင် ငွေထည့်ထားတဲ့လူတွေက တအားဆုံးရှုံးသွားကုန်မယ်။ အဲ့ဒီလိုဆုံးရှုံးမှုတွေမဖြစ်ရအောင်ဆိုပြီးတော့ ကျွန်တော်တို့ က

အခု ကာကွယ်မှုလုပ်ငန်းတွေနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံပြီးတော့ အကြမ်းဖက်မဲ့ ဒုစရိုက်သမားတွေကိုလည်း ဖယ်ထုတ်လို့ ရအောင်ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

“ကျန်တဲ့အပိုင်းတွေကိုက တာဝန်ရှိတဲ့သူတွေနဲ့ ငွေပြန်လျော်ပေးမယ့်ဒိုင်နဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုစနစ်နဲ့ လျော်ပေးပါ့မယ်ဆိုပြီးဆွေးနွေးထားပါတယ်။ မိငြိမ်းချမ်းကတော့ ဒီနေ့ လျော်ပေးပါ့မယ်ပြောတယ်။

ပြောတဲ့အတိုင်းပဲ စာရင်းတွေလုပ်နေတယ်။ လျော်လည်းလျော်ပေးမှာပဲ။ အပြည့်အဝမဟုတ်သည့်တိုင်အရင်းလား၊ ဘယ်လိုသဘောနဲ့ လျော်ပေးမလဲတော့မသိသေးဘူး။

အခုအချိန်မှာ ငွေကလျော်ပေးလို့ မရသေးပြန်ဘူး။ လျော်ပေးမယ်ဆိုပြီးငွေထုတ်ကိုမြင်ကြရင် လူတွေကလုကြမှာ။ အဲ့ဒါကြောင့်လျော်ပေးဖို့ ကိစ္စအတွက် ရပ်ထားတယ်။

အဲ့ဒါကြောင့် ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ဖြစ်မှာ တစ်ဦးချင်းခေါ်ပြီးတော့ ငွေပြန်လျော်ပေးနိုင်ဖို့ အတွက်ကို လုံခြုံရေး အင်အားနဲ့ မနိုင်နင်းမှာစိုးလို

့မြို့ ခံလူငယ်တွေ၊ မီးသတ်တပ်ဖွဲ့ ဝင်တွေ ပူးပေါင်းပြီးတော့ အားလုံးအတွက် အကျိုးရှိစေဖို့ ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးမြသောင်း က ဆက်လက်ပြောကြားသည်။

Online လေလံစုမဲ ၏ လုပ်ငန်းသဘောမှာ ကနဦး ငွေကျပ် (၅) သိန်းထည့်ဝင်ပြီး တစ်ပတ်ပြည့်ပါက အတိုးရော၊ အရင်းပါ ငွေ (၇) သိန်းရကြောင်း၊ တချို့ မှာ ငွေကျပ် (၃) သိန်းခန့် ထည့်ပြီး

တချို့ မှာလည်း ငွေကျပ်သိန်းရာနှင့်ချီပြီး ထည့်ဝင်ထားကြကြောင်း၊ အထူးစုမဲ၊ အရေးပေါ်စုမဲစသည်ဖြင့် စုမဲ ပုံစံအမျိုးမျိုးရှိကြောင်း၊

အထူးစုမဲမှာလည်း (၃) ရက်စုမဲ၊ (၅) ရက်စုမဲရှိကြောင်း၊ အရေးပေါ်စုမဲအဖြစ် ယနေ့ ငွေထည့်ပြီး နောက်နေ့ ငွေပြန်ထုတ်လို့ ရကြောင်း၊

ဥပမာ သိန်း (၁၀၀) ထည့်ထားပါက နောက်နှစ်ရက်တွင် ငွေကျပ်သိန်း (၁၂၀) ပြန်ရကြောင်း၊ လုပ်ငန်းကနာမည်မရှိပဲ Massager ၌ Group ဖွဲ့ ပေးထားကာ

လမိုင်းမြို့ တွင် IC Group နှင့် NNCC Grop နှစ်ခုရှိကြောင်း နှင့် NNCC Group ကို မိငြိမ်းချမ်းက ဦးဆောင်ပြီး၊ IC Group ကို မိခိုင်ရည်မွန်က ဦးဆောင်ကြောင်း လမိုင်မြို့ ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

“ပြဿနာက ဘယ်ကနေစဖြစ်တာလဲဆိုရင် မေလ (၁၉) ရက်နေ့ က တနင်္ဂနွေနေ့ ဖြစ်တော့ ဘဏ်ကပိတ်တယ်။ အဲ့ဒီတော့ စုမဲထည့်ထားတဲ့ လူတွေကို ငွေပေးဖို့ ခက်သွားတယ်။

အဲ့ဒီနေ့ မှာ အတိုးကလည်းကောင်းတယ်။ စုမဲနှစ်ခုဆုံသွားတယ်။ ထုတ်မယ့်စုမဲကလည်း များသွားတယ်။ ဘဏ်ကလဲပိတ်တယ်။ သူတို့ ပြောတာက ဘဏ်ပိတ်ရက်ဆိုတော့ ငွေကြေးက နည်းနည်းအခက်အခဲရှိတယ်ပေါ့။

ရှိတဲ့ပိုက်ဆံနဲ့ ပဲပေးတယ်။ အစောပိုင်းထုတ်တဲ့လူတချို့ ဆိုရင် ပိုက်ဆံရကြတယ်။ နောက်ပိုင်းကျပိုက်ဆံနည်းသွားတော့ မဲပြန်ချေရတယ်။

တချို့ ဆိုရင် တစ်ယောက်တစ်ဝက်။ တချို့ ဆိုရင် လုံးဝကိုမရလိုက်ဘူး” ဟု လမိုင်းမြို့ ခံတစ်ဦးဖြစ်သူ မသဇင်မိုး က ပြောကြားသည် ။

၎င်းကဆက်လက်ပြီး “မတ်လ (၂၀) ရက်နေ့ မှာတော့ ကျန်တဲ့လူတွေကို ထပ်ပေးတယ်။ အဲ့ဒါကလည်း မေလ (၁၉) ရက်နေ့ ထုတ်မယ့်လူတွေအတွက်ပဲပေးတာ။

အဲ့ဒီမှာ မေလ (၂၀) ရက်စုမဲထုတ်မယ့်လူတွေကလည်း ပိုက်ဆံလိုချင်ကြတယ်။ အဲ့ဒီမှာ သူတို့ လဲ ထပ်ပေးမနိုင်တော့ အဲ့ဒီကနေ နည်းနည်း ဆူပူလာတာပေါ့။

စုမဲတွေကလည်း လာဆုံတော့ သူတို့ အတွက်ငွေအခက်အခဲဖြစ်သွားတာနဲ့ တူတယ်” ဟု သုံးသပ်ပြောကြားသည်။”အခုကအရင်းလောက်ပဲလိုချင်တယ်။ အမြတ်ကတော့ မရရင်လဲနေတော့။ ကိုယ့်အရင်းပဲကိုယ်လိုချင်တာပေါ့။

မေလ (၂၂) ရက် ညက မွန်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ရောက်လာလို့ ညှိနှိုင်းမှုအခြေအနေအရ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက

ကိုယ့်ရပ်ကွက်မှာရှိတဲ့ လူတွေရဲ့ စာရင်းကိုယူပြီးတော့ မခိုင်ရည်မွန်ဘက်က စာရင်းတွေကို အုပ်ချုပ်ရေးမှူးက ထိန်းထားပေးတယ်။

မငြိမ်းချမ်းဘက်ကစာရင်းကိုတော့ သူကစာအုပ်နဲ့ စာရင်းလုပ်ထားတော့ သက်ဆိုင်ရာကို စာရင်းတင်ထားရတယ်။ ငွေပြန်ရဖို့ ကတော့ (၁၀၀) ရာခိုင်နှုန်း မှာ (၃၀) ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။

သူတို့ ပြောတာကတော့ သူတို့ မှာ ဒိုင်ရှိတယ်။ ဒါပေမယ့် ကျွန်မတို့ ကမသိဘူးလေ။ သူတို့ ပြောတာက ပိုက်ဆံထည့်ရင်စိတ်မပူနဲ့ ။

သူတို့ ဒိုင်မှာ ပိုက်ဆံပေါတယ်။ အဲ့ဒီပိုက်ဆံနဲ့ လျော်နိုင်တယ်။ အဲ့ဒီလိုပဲပြောတယ်” ဟု မသဇင်မိုး က ဆက်လက်ပြောကြားသည်။

စုမဲဒိုင်များမှ ငွေကျပ် (၁၀) သိန်းပေးပါက အတိုး သုံးသိန်းခွဲပေးကြောင်း မက်လုံးပေးသဖြင့် မိမိတို့ အနေဖြင့် မရှိ၊ ရှိတာလေးများရောင်းချပြီး၊ ငွေစုထည့်ခဲ့ပါကြောင်း၊

ပထမအကြိမ်တုန်းက ငွေပြန်ရပါကြောင်း၊ နောက်ပိုင်းတွင် စုမဲဒိုင်များက ရက်တွေချိန်းလာကြောင်း၊ တကယ့်တကယ် ပိုက်ဆံပေးရမည့်အခါတွင် ပိုက်ဆံအပြည့်မပေးတော့ကြောင်း၊

အမြတ်ငွေပေးပြီး အရင်းငွေကို ပြန်လုံးကာ အမြတ်ငွေပြန်ပေးမည်ဟု ပြောလာကြောင်း၊ ယခုလည်း ပိုက်ဆံပြန်ပေးမယ်ဆိုပြီး ပြန်မပေးသည့်အတွက်

စုမဲငွေထည့်ထားသူများ စိုးရိမ်ပူပမ်မှုများဖြစ်နေရကြောင်း လမိုင်းမြို့ ခံတစ်ဦးဖြစ်သူ ကိုမင်းမင်း ကပြောကြားသည်။”ဒီလို လေလံမဲစုနေကြတာ (၁) လကျော်လောက်ရှိမယ်။

ကျွန်တော်က (၃) ကြိမ်လောက်ထည့်လောက်တယ်။ အဲ့ဒီမှာ တစ်ခါတည်းရသေးတယ်။ အဲ့ဒီရတာကိုလည်း ပြန်တိုးမလားဆိုပြီး ပြန်ထည့်လိုက်တာ အကုန်လုံးပါသွားတယ်။

ကျွန်တော် ငွေကျပ် (၅၅) သိန်းပါသွားပါတယ်။ လမိုင်းမှာ လေလံမဲစုတာ (၂) ဒိုင်ရှိပါတယ်။ သူတို့ လုပ်နေကြတာတော့ကြာပြီး။ စုမဲထည့်တာကတော့ တစ်မြို့ လုံးပါပဲ” ဟု ကိုမင်းမင်း က ဆက်လက်ပြောကြားသည်။

မေလ (၂၃) ရက် ညနေပိုင်းအထိ လမိုင်းရှိ Online လေလံစုမဲဒိုင် ပြုလုပ်သူ မိခိုင်ရည်မွန် အား လမိုင်းနယ်မြေရဲစခန်း၌ ထိန်းသိမ်းထားပြီး၊

ကျန် Online လေလံစုမဲဒိုင်ပြုလုပ်သူ မိငြိမ်းချမ်း၏ နေအိမ်ပတ်ဝန်းကျင်နှင့် လမိုင်းမြို့ အတွင်း မလိုလားအပ်သည့် ပြဿနာများထပ်မံ မဖြစ်ပွားစေရေးအတွက် ရဲတပ်ဖွဲ့ ဝင်များမှ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

CRD – Eleven

Leave a Reply

Your email address will not be published. Required fields are marked *