ေရွ႕ေနႏွင့္ ေတြ႕ခြင့္ မရတဲ့ ေဒါင္းတို႔ မ်ိဳးဆက္ သံခ်ပ္အဖြဲ႕

တပ္မေတာ္ကေန တရားစြဲဆိုထားတဲ့ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕က ၅ ဦးကို ေမလ ၂၉ ရက္ေန႔က မရမ္းကုန္း ၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ရာမွာ ေရွ႕ေနနဲ႔ ေတြ႕ခြင့္ မေပးခဲ့တဲ့အတြက္ အေျခအတင္ ျဖစ္ခဲ့ ၾကပါတယ္ ။

ေဒါင္းတို႔ မ်ိဳးဆက္ အဖြဲ႕ကို တရား႐ုံးအတြင္း လက္ထိပ္ခတ္ ဖမ္းဆီး ေခၚေဆာင္ လာတာေတြ ၊ တရား႐ုံးထဲကို အတင္းဝင္ခိုင္းတာေတြဟာ ဖိအားေပးမႈ ေတြေၾကာင့္လို႔ ေဒါင္းတို႔ မ်ိဳးဆက္ အဖြဲ႕က တရားစြဲ ခံရသူ ကိုေဇယ်ာလြင္က ေျပာပါတယ္ ။

” တရားခြင္ထဲကို အတင္းထည့္တယ္ ။ ကေလးေတြက ေရွ႕ေနနဲ႔ ေတြ႕ဖို႔ ဆိုၿပီး ေတာင္းဆိုတာ မရဘူး။ တရား႐ုံးထဲ အတင္းေဆာင့္ ထည့္တယ္ ။ မိသားစုဝင္ ေတြကိုလည္း ငဲ့ညႇာသင့္ပါတယ္ ။ ” လို႔ ကိုေဇယ်ာလြင္ရဲ႕ အေဒၚျဖစ္သူ ေဒၚဝင္းက မီဒီယာေတြကို ေျပာပါတယ္ ။

ဒီေန႔ ႐ုံးခ်ိန္းမွာေတာ့ တပ္မေတာ္ဘက္က တင္သြင္းတဲ့ သံခ်ပ္စာသား သက္ေသခံကို တရားစြဲခံရသူေတြရဲ႕ ေရွ႕ေနက ကန႔္ကြက္ခဲ့ၿပီး လာမယ့္႐ုံးခ်ိန္း မွာေတာ့ အဲ့ဒီ ကန႔္ကြက္ခ်က္ကို လက္ခံသင့္ မခံသင့္ တရား႐ုံးက ဆုံးျဖတ္မွာ ျဖစ္ပါတယ္ ။

အခုႏွစ္ သျကၤန္ ကာလအတြင္း တပ္မေတာ္ကို ထိခိုက္တဲ့စာသား အေၾကာင္းအရာေတြကို သံခ်ပ္ထိုး လိုက္လံ ေဖ်ာ္ေျဖခဲ့တာေၾကာင့္ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕က ကိုေဇယ်ာလြင္ ၊ ကိုပိုင္ရဲသူ ၊ ကိုဖိုးသား ၊ ကိုပိုင္စိုးလင္းနဲ႔ မေကခိုင္ထြန္းတို႔ကို တပ္မေတာ္ကေန တရားစြဲဆိုခဲ့ပါတယ္ ။

တရားစြဲခံရသူ မေကခိုင္ထြန္းမွာ သူနာျပဳ တစ္ဦးျဖစ္ၿပီး ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ ျဖစ္ေပမယ့္ သံခ်ပ္ ေဖ်ာ္ေျဖရာမွာ ပါဝင္ခဲ့ျခင္း မရွိဘဲ ဧၿပီလ ၁၉ ရက္က ရန္ကုန္ ေဆး႐ုံႀကီးတြင္ တာဝန္ထမ္းေဆာင္စဥ္ ဖမ္းဆီးခံခဲ့ ရတာလည္း ျဖစ္ပါတယ္ ။

လက္ရွိမွာေတာ့ တရားစြဲခံရသူ (၅) ဦးလုံးကို အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးထားတာလည္း ျဖစ္ပါတယ္ ။ အဆိုပါ ( ၅ ) ဦးအျပင္ သံခ်ပ္အဖြဲ႕ဝင္ ကိုၿငိမ္းခ်မ္းစိုးနဲ႔ မဆုရတနာျမင့္တို႔ ႏွစ္ဦးကို

တပ္မေတာ္ကေန ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က)၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) တို႔နဲ႔တရားစြဲ ဆိုထားၿပီး ေမလ ၁၇ ရက္ေန႔မွာ တရားစြဲ တင္ထားပါတယ္ ။

Unicode

တပ်မတော်ကနေ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ၅ ဦးကို မေလ ၂၉ ရက်နေ့က မရမ်းကုန်း မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ ရှေ့နေနဲ့ တွေ့ခွင့် မပေးခဲ့တဲ့အတွက် အခြေအတင် ဖြစ်ခဲ့ ကြပါတယ် ။

ဒေါင်းတို့ မျိုးဆက် အဖွဲ့ကို တရားရုံးအတွင်း လက်ထိပ်ခတ် ဖမ်းဆီး ခေါ်ဆောင် လာတာတွေ ၊ တရားရုံးထဲကို အတင်းဝင်ခိုင်းတာတွေဟာ ဖိအားပေးမှု တွေကြောင့်လို့ ဒေါင်းတို့ မျိုးဆက် အဖွဲ့က တရားစွဲ ခံရသူ ကိုဇေယျာလွင်က ပြောပါတယ် ။

” တရားခွင်ထဲကို အတင်းထည့်တယ် ။ ကလေးတွေက ရှေ့နေနဲ့ တွေ့ဖို့ ဆိုပြီး တောင်းဆိုတာ မရဘူး။ တရားရုံးထဲ အတင်းဆောင့် ထည့်တယ် ။ မိသားစုဝင် တွေကိုလည်း ငဲ့ညှာသင့်ပါတယ် ။ ” လို့ ကိုဇေယျာလွင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ဝင်းက မီဒီယာတွေကို ပြောပါတယ် ။

ဒီနေ့ ရုံးချိန်းမှာတော့ တပ်မတော်ဘက်က တင်သွင်းတဲ့ သံချပ်စာသား သက်သေခံကို တရားစွဲခံရသူတွေရဲ့ ရှေ့နေက ကန့်ကွက်ခဲ့ပြီး လာမယ့်ရုံးချိန်း မှာတော့ အဲ့ဒီ ကန့်ကွက်ချက်ကို လက်ခံသင့် မခံသင့် တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ် ။

အခုနှစ် သင်္ကြန် ကာလအတွင်း တပ်မတော်ကို ထိခိုက်တဲ့စာသား အကြောင်းအရာတွေကို သံချပ်ထိုး လိုက်လံ ဖျော်ဖြေခဲ့တာကြောင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ ၊ ကိုဖိုးသား ၊ ကိုပိုင်စိုးလင်းနဲ့ မကေခိုင်ထွန်းတို့ကို တပ်မတော်ကနေ တရားစွဲဆိုခဲ့ပါတယ် ။

တရားစွဲခံရသူ မကေခိုင်ထွန်းမှာ သူနာပြု တစ်ဦးဖြစ်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဖြစ်ပေမယ့် သံချပ် ဖျော်ဖြေရာမှာ ပါဝင်ခဲ့ခြင်း မရှိဘဲ ဧပြီလ ၁၉ ရက်က ရန်ကုန် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်စဉ် ဖမ်းဆီးခံခဲ့ ရတာလည်း ဖြစ်ပါတယ် ။

လက်ရှိမှာတော့ တရားစွဲခံရသူ (၅) ဦးလုံးကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတာလည်း ဖြစ်ပါတယ် ။ အဆိုပါ ( ၅ ) ဦးအပြင် သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးနဲ့ မဆုရတနာမြင့်တို့ နှစ်ဦးကို

တပ်မတော်ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့တရားစွဲ ဆိုထားပြီး မေလ ၁၇ ရက်နေ့မှာ တရားစွဲ တင်ထားပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *