မန္တလေးမြို့  နတ်ရေကန်းအနီး မီနီအိုးဝေ ကားသမား အသတ်ခံရ

မန္တ​လေးမှာ ညပိုင်းကျွဲဆွဲကန်ကားကြီးကွင်းကနေ အငှားလိုက်သွားတဲ့ သုံးဘီးဆိုင်ကယ်သမားခရီးသည် ၄ ယောက်မှ နတ်ရေကန်းအနီး ဓားနဲ့ထိုးပြီး သုံဘီးလုယတ်မှုခံရပြီ။

သုံးဘီးပိုင်ရှင်သေဆုံးသွားပြီးတရားခံများမမိသေးပါ။ သုံးဘီးလည်းပြန်တွေ့ပါပြီ။ မြစိမ်းရောင်ခန်းမရှေ့ ၃၅ ၉၀ နားထားခဲ့တာပါ မနေည ၈း၀၀လောက်က အိမ်ကနေကျွဲဆည်ကန်ကို ဧည့်သည်လိုက်ပို့ပြီး အထွက်မှာမြစ်ငယ်သွားမှာမို့လိုက်ပို့ခိုင်းတာ လူ ၄ ယောက်တဲ့။

တစ်ယောက်ကအချောက်လို့ပြောပါတယ်။ လိုက်ပို့ရင်လမ်းမှာ ဆီဝင်ထည့်တော့ ဆီဆိုင်ကပြောတာပါ။ သူကညပိုင်းဆွဲတဲ့သူ မဟုတ်ဘူးတဲ့။ မနေ့ညကကြုံလို့လိုက်ပို့ဖြစ်သွားတာပါ။ ပြီးတော့ သူ့သုံးဘီးကမီးတပ်မထားဘူး။

ကားထဲမှာသူဆုံးတော့ဆေးရုံကနေဖုန်းဝင်လာတာ လမ်းမှာကားတိုက်လို့ပါဆိုပြီး ညိမ်းသုခနာမူကူညီရေးကား နဲ့ အခြောက်တစ်ယောက်ထဲလာပို့ပြီး လက်မှတ်မထိုးဘဲ ပြန်ထွက်သွားတာတဲ့ အဲ့ဒါနဲ့လူမူရေးအသင်းကိုလိုက်သွားတော့ သူမရှိဘူးထွက်သွားပြီ။

သူ့လိပ်စာရော သူ့ဖုန်းနံပါတ်ပါ မသိဘူးလို့ပြောပါတယ်။ ဖြစ်နိုင်ရင် အကိုတို့ ခရီးသည် နဲ့ ကျွန်တော်တိုကြားမှာ သံဇကာခတ်ထားရင် နည်းနည်းတော့စိတ်ချရပါမယ်ဗျာ။

သူလုပ်ခံရတဲ့ပုံစံက အနောက်ကနေချုပ်ပြီး ညာဘက်ရင်အုံကိုဓားနဲ့ထိုးထားတာပါ။ သူထဲကပိုက်ဆံငါးသောင်း နဲ့ ဖုန်းယူသွားပါတယ်။ ညဘက်ထွက်ရင်သတိအမြဲရှိပါစေ ။

” သင်တို့ မသိသေးတဲ့ ရေဓါတ်ကြွယ်ဝစွာ ပေးနိုင်သော နှင်းသီးစားခြင်းကျေးဇူး ”

ချစ်စရာအရောင်အသွေး နဲ့ အရသာရှိတဲ့ နှင်းသီးကို စားသုံးဖူးတယ်ဆိုရင်တော့ နှင်းသီးရဲ့ အရသာဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းစရာလိုမယ်မထင်ပါဘူးနော်။

အရသာကောင်းရုံတင်မက အဟာရဓါတ်လည်း အများအပြားပါဝင်ပါတယ်။ နှင်းသီးမှာ အမျိုးအစား ၂ မျိုးထက်ပိုပြီးရှိပြီး အရသာတွေလည်းမတူပါဘူး။

အရောင်တွေ အမျိုးမျိုးရှိတဲ့ နှင်းသီး

အဖြူရောင် ၊ နှင်းဆီရောင် ၊ ချယ်ရီရောင် ၊ အစိမ်းရောင် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ နူးညံပြီး နည်းနည်းလေး ချိုသလိုလို ချဉ်သလိုလိုပါပဲ။ ရေဓါတ်လည်းမြင့်မားစွာပါဝင်ပြီးတော့ အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ အသီးဖြစ်ပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးတယ်

ရေဓါတ်ကြွယ်ဝစွာပါဝင်လို့ ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကို ကျန်းမာစေတယ်

မျက်လုံးကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ ဗီတာမင် A ပါဝင်လို့ မျက်လုံးကိုကျန်းမာစေပါတယ်။ ကွန်ပျူတာအကြာကြီးကြည့်လို့ မျက်လုံးညောင်းတာ ကိုက်တာတွေကိုလည်း သက်သာစေပါတယ်။

အမျိုးသမီးတွေအတွက် အားဆေး

အဟာရဓါတ်များစွာပါဝင်တဲ့ နှင်းသီးဟာ ကလေးမွေးဖွားမှုနှုန်းကိုတိုးတက်စေပါတယ်။ သံဓါတ်ပါဝင်လို့လည်း ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းမွန်သလို အမျိုးသမီးတွေ သွေးအားနည်းရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွားနဲ့ သွားဖုံးကျန်းမာရေး

ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပြီး သွားနဲ့ သွားဖုံးကို ကျန်းမာစေသလို အရိုးကိုလည်း သန်မာစေပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ရောဂါအမျိုးမျိုးဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်C ပါဝင်လို့လည်း အသားအရေကို နုပျိုစိုပြေစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *