တေန႔ ႏွစ္ေသာင္း အလွဴခံတာ မရလုိ႔ဆိုၿပီး ေဂၚျပားနဲ႔ ေခါင္းရုိက္ခြဲခံရတဲ့ သီလရွင္ေလး

ဥပ​ေဒ​ေရးရာ​ေလ့လာသူနဲ႔ ကၽြမ္​းက်င္​သူအခ်ိဳ႕ (အခ်ိဳ႕)က victoria အမႈတရားဝင္​သတင္​းမထုတ္​ခင္​တုန္​းက​ေတာ့ ” ဒါက လုပ္​ထုံးလုပ္​နည္​းအတုိင္​း လုပ္​​ေနၾကတာပါ။ ဥပ​ေဒအတုိင္​းစစ္​​ေနတာပါ။

လူ​ေတြက စိတ္​​​ေစာ​ေနတာ။ ​ေစာင္​့ၾကည့္ ပါဆုိ တာ” လုိ႔ ​ေျပာတာ လက္​ခံ​ေသးတယ္​။ အခု ရဲခ်ဳပ္​​နဲ႔ ဆရာမနွစ္​​ေယာက္​​ေျပာတာ။ သုံး​ေယာက္​ကုိ သုံးမ်ိဳးျဖစ္​​ေနတာ​ေတြကို အဲ့ဒီပုဂၢိဳလ္​​ေတြ သိၿပီး​ေလာက္​​ေရာ​ေပါ့။

အဲ့ဒီလိုအ​ေျခအ​ေနအထိ ​ေရငုံႏုွတ္​ပိ​တ္​​ေနတာ (သုိ႔မဟုတ္​) ဒါက ဥပ​ေဒအတုိင္​းပဲ စစ္​​ေနတာဆုိတာမ်ိဳး​ေတြ ​ေျပာ​ေနဆဲ အခ်ိဳ႕ ဌာနဆုိင္​ရာဝန္​ထမ္​း​ေတြရဲ႕ စိတ္​အထားအသုိအ​ေပၚ ​ေတာ္​​ေတာ္​​ေလးအံ့ၾသရတယ္။

victoria ​ေလးကုိ ခဏ​ေမ့ထား၊ ေအာင္​ႀကီးကိစၥလည္​း ခဏ​ေမ့ထား၊ ေဟာ့ဒီမွာ လတ္​လတ္​ဆတ္​ဆတ္​ ျဖစ္​ရပ္​။ ​ေခါင္​းဟက္​တက္​ကြဲ​ေအာင္​ အရုိက္​ခံရတဲ့ သီလရွင္​က​ေလးငယ္​။

အခုမွ ရုိက္​ယူထားတဲ့ ဓာတ္​ပုံ။ အလွဴခံခုိင္​းတာ တစ္​​ေန႔ နွစ္​​ေသာင္​းက်ပ္​မရလုိ႔ဆုိၿပီး အုပ္​ထိန္​းသူ သီလရွင္​က ​ေဂၚျပားနဲ႔ ရုိက္​တာ။ ​ေခ်ာ့မယ့္သူမရွိ ကုိယ့္ဘာသာကုိ္​ယ္​ ႀကိတ္​ငုိခဲ့ရတဲ့ က​ေလး​ေလး။

ဒါမ်ိဳးမျဖစ္​​ေအာင္​ ဘယ္​သူကအကာအကြယ္​​ေပးႏုိင္​ခဲ့လဲ။ ဒီဒဏ္​ရာနဲ႔ အလွဴ ထြက္​ခံေနရတဲ့ က​ေလး​ေနရာကုိဝင္​ၾကည္​့။ ဘယ္​မလဲ က​ေလးငယ္​ကုိ ကာကြယ္​နိင္​တဲ့ ဥပ​ေဒ။ မျဖစ္​​ေအာင္​တားဆီးႏုိင္​တဲ့ အခင္​းအက်င္​းဘယ္​မလဲ။

လူ​​ေတြက ဥပ​ေဒကုိ နားလည္​​လြန္​းလုိ႔ ​ေထာက္​ျပ​ေဝဖန္​နၾကတာ မဟုတ္​ဘူး။ တရားမ်ွတမႈကုိ ​ေဖာ္​​ေဆာင္​​ေပးဖုိ႔ ​ေတာင္​းဆုိ​ေနတာ။ ယုတၱိမရွိတာ​ေတြ ျမင္​​ေန ​ေတြ႕​ေနရလုိ႔ ​တည္​့​မတ္​​ေပးဖုိ႔ ဝုိင္​း​ေအာ္​​ေနတာ။

ဥပ​ေဒရဲ႕ အကာအကြယ္​မရတဲ့ အ​ေျခအ​ေန​ေတြကုိ ​ေျပာင္​းလဲ​ေပးဖုိ႔ တာဝန္​ရွိသူ​ေတြက ဦး​ေဆာင္​ၿပီး ​ေဖာ္​​ေဆာင္​​ေစခ်င္​တာပါ။ ဒီ​ေန႔က လိင္​ပုိင္​းဆုိင္​ရာ​ေစာ္​ကားခံရတဲ့ က​ေလးငယ္​အတြက္​ အမွန္​တရာ​​း​ေပၚ​ေပါက္​ဖုိ႔ လူ​ေတ​ြ ရာ​ေထာင္​ခ်ီ​ ဆနၵထုတ္​​ေဖာ္​​ေတာင္​းဆုိ​ေနခ်ိန္​မွာ

က​ေလးငယ္​နွစ္​​ေယာက္​ဟာ နွိပ္​စက္​ရုိက္​နွက္​ခံရတဲ့ ဒဏ္​ရာနဲ႔ အလွဴခံထြက္​​ေပး​ေနရတဲ့ ဒီႏုိင္​ငံမွာ စာအုပ္​ထဲက ဥပ​ေဒဆုိတာ​​ေတြကုိ လက္​တန္​း႐ြတ္​ျပၿပီး အခ်ိဳ႕​ေသာတာဝန္​ရွိသူ​ေတြရဲ႕ အလြဲ​ေတြကုိ မသိက်ိဳးကြၽံမျပဳသင့္ ပါဗ်ာ။

Unicode

ဥပ​ဒေ​ရေးရာ​လေ့လာသူနဲ့ ကျွမ်​းကျင်​သူအချို့ (အချို့)က victoria အမှုတရားဝင်​သတင်​းမထုတ်​ခင်​တုန်​းက​တော့ ” ဒါက လုပ်​ထုံးလုပ်​နည်​းအတိုင်​း လုပ်​​နေကြတာပါ။ ဥပ​ဒေအတိုင်​းစစ်​​နေတာပါ။

လူ​တွေက စိတ်​​​စော​နေတာ။ ​စောင်​့ကြည့် ပါဆို တာ” လို့ ​ပြောတာ လက်​ခံ​သေးတယ်​။ အခု ရဲချုပ်​​နဲ့ ဆရာမနှစ်​​ယောက်​​ပြောတာ။ သုံး​ယောက်​ကို သုံးမျိုးဖြစ်​​နေတာ​တွေကို အဲ့ဒီပုဂ္ဂိုလ်​​တွေ သိပြီး​လောက်​​ရော​ပေါ့။

အဲ့ဒီလိုအ​ခြေအ​နေအထိ ​ရေငုံနုှတ်​ပိ​တ်​​နေတာ (သို့မဟုတ်​) ဒါက ဥပ​ဒေအတိုင်​းပဲ စစ်​​နေတာဆိုတာမျိုး​တွေ ​ပြော​နေဆဲ အချို့ ဌာနဆိုင်​ရာဝန်​ထမ်​း​တွေရဲ့ စိတ်​အထားအသိုအ​ပေါ် ​တော်​​တော်​​လေးအံ့သြရတယ်။

victoria ​လေးကို ခဏ​မေ့ထား၊ အောင်​ကြီးကိစ္စလည်​း ခဏ​မေ့ထား၊ ဟော့ဒီမှာ လတ်​လတ်​ဆတ်​ဆတ်​ ဖြစ်​ရပ်​။ ​ခေါင်​းဟက်​တက်​ကွဲ​အောင်​ အရိုက်​ခံရတဲ့ သီလရှင်​က​လေးငယ်​။

အခုမှ ရိုက်​ယူထားတဲ့ ဓာတ်​ပုံ။ အလှူခံခိုင်​းတာ တစ်​​နေ့ နှစ်​​သောင်​းကျပ်​မရလို့ဆိုပြီး အုပ်​ထိန်​းသူ သီလရှင်​က ​ဂေါ်ပြားနဲ့ ရိုက်​တာ။ ​ချော့မယ့်သူမရှိ ကိုယ့်ဘာသာကို်​ယ်​ ကြိတ်​ငိုခဲ့ရတဲ့ က​လေး​လေး။

ဒါမျိုးမဖြစ်​​အောင်​ ဘယ်​သူကအကာအကွယ်​​ပေးနိုင်​ခဲ့လဲ။ ဒီဒဏ်​ရာနဲ့ အလှူ ထွက်​ခံနေရတဲ့ က​လေး​နေရာကိုဝင်​ကြည်​့။ ဘယ်​မလဲ က​လေးငယ်​ကို ကာကွယ်​နိင်​တဲ့ ဥပ​ဒေ။ မဖြစ်​​အောင်​တားဆီးနိုင်​တဲ့ အခင်​းအကျင်​းဘယ်​မလဲ။

လူ​​တွေက ဥပ​ဒေကို နားလည်​​လွန်​းလို့ ​ထောက်​ပြ​ဝေဖန်​နကြတာ မဟုတ်​ဘူး။ တရားမျှတမှုကို ​ဖော်​​ဆောင်​​ပေးဖို့ ​တောင်​းဆို​နေတာ။ ယုတ္တိမရှိတာ​တွေ မြင်​​နေ ​တွေ့​နေရလို့ ​တည်​့​မတ်​​ပေးဖို့ ဝိုင်​း​အော်​​နေတာ။

ဥပ​ဒေရဲ့ အကာအကွယ်​မရတဲ့ အ​ခြေအ​နေ​တွေကို ​ပြောင်​းလဲ​ပေးဖို့ တာဝန်​ရှိသူ​တွေက ဦး​ဆောင်​ပြီး ​ဖော်​​ဆောင်​​စေချင်​တာပါ။ ဒီ​နေ့က လိင်​ပိုင်​းဆိုင်​ရာ​စော်​ကားခံရတဲ့ က​လေးငယ်​အတွက်​ အမှန်​တရာ​​း​ပေါ်​ပေါက်​ဖို့ လူ​တေ​ွ ရာ​ထောင်​ချီ​ ဆန္ဒထုတ်​​ဖော်​​တောင်​းဆို​နေချိန်​မှာ

က​လေးငယ်​နှစ်​​ယောက်​ဟာ နှိပ်​စက်​ရိုက်​နှက်​ခံရတဲ့ ဒဏ်​ရာနဲ့ အလှူခံထွက်​​ပေး​နေရတဲ့ ဒီနိုင်​ငံမှာ စာအုပ်​ထဲက ဥပ​ဒေဆိုတာ​​တွေကို လက်​တန်​းရွတ်​ပြပြီး အချို့​သောတာဝန်​ရှိသူ​တွေရဲ့ အလွဲ​တွေကို မသိကျိုးကျွံမပြုသင့် ပါဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *