မြန္ျပည္နယ္ မုတၱမၿမိဳ႕မွာ လူေတြ အရွင္လတ္လတ္ ေျမႀကီးေအာက္ေရာက္ၿပီး ေသဆုံးကုန္ၾကတဲ့ ေၾကာက္မက္ဖြယ္ ျဖစ္ရပ္

9.8.2019 နံနက္ အေစာပိုင္းက မြန္ျပည္နယ္ မုတၱမၿမိဳ႕ သဲျဖဳကုန္း ရပ္ ရန္ကုန္-ေမာ္လၿမိဳင္သြား လမ္းမႀကီးေဘးရွိ ေတာင္ၿပိဳက်မႈေၾကာင့္ ကားမ်ား ေနအိမ္မ်ား ေျမပိကာ အေရအတြက္ မခန႔္မွန္းႏိုင္ေသးေသာ လူမ်ားစြာ အရွင္လတ္လတ္ ေျမပိေနမႈ ျဖစ္ပြားခဲ့ပါသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ႏွင့္ မုတၱမ ေရးႀကီးေန၍ တံတားပိတ္ထား၍ ကားတန္းမ်ားရပ္တန႔္ထားစဥ္ ေတာင္ၿပိဳက်မႈ ျဖစ္ပြားခဲ့ၿပီး ကားမ်ားေရာ အိမ္မ်ားပါ ေျမပိမႈ ျဖစ္ပြားခဲ့သည္ဟု ေျပာသည္ကို သိရပါသည္။

ရန္ကုန္-ေမာ္လၿမိဳင္လမ္းလဲ ပိတ္ဆို႔မႈျဖစ္ပြားခဲ့ပါသည္။ ယခုခ်ိန္ထိ လမ္းပြင့္ဖို႔ မလြယ္ေသးေပမဲ့ တာဝန္ရွိသူမ်ားမွ လမ္းအျမန္ပြင့္ေရး ႀကိဳးစားေဆာင္႐ြက္ေနၾကပါသည္။

ေျမႀကီးေအာက္မွ လက္ရွိေနာက္ဆုံးသတင္းအရ ေသဆုံးသူ ၁၀ ဦးခန႔္ ရွိထားၿပီး လူေပါင္းမ်ားစြာ ေဆး႐ုံသို႔ ပို႔ေဆာင္ထားရပါသည္။ လက္ရွိ လဲ တပ္မေတာ္ ရဲတပ္ဖြဲ႕ အေရးေပၚလူမႈကယ္ဆယ္ေရးအဖြဲ႕ေပါင္းစုံမွ

ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္ေဆာင္႐ြက္ေနလွ်က္ ရွိပါသည္။ ေျမႀကီးေအာက္တြင္ ပိမိေနသည့္ အိမ္ ကား လူမ်ားစြာက်န္ရွိေနေသး သည္ဟုလည္း ေဒသခံမ်ားထံမွ သိရပါသည္။

ခက္ခက္ခဲခဲ ရွာေဖြကယ္ဆယ္ေနမႈမ်ား ေဆာင္႐ြက္ေနၾကရပါသည္။ ဝဋ္ေႂကြးမ်ားရွိလွ်င္ ေၾကၾကပါေစ။ အသက္ရွင္လွ်က္ အျမန္ဆုံးရွာေဖြ ေတြ႕ရွိႏိုင္ၾကပါေစ။

ကၽြန္ေတာ္တို႔ ေမာ္လၿမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားမွလည္း ၾသဝါဒါစရိယ ဓမၼနႏၵီဆရာေတာ္ ဦးေဆာင္ၿပီး ပိမိေနသည့္ လူမ်ားစြာ၏ အသက္ကို အျမန္ဆုံးကယ္ထုတ္ႏိုင္ေရး အျခားအသင္းအဖြဲ႕မ်ားစြာတို႔ႏွင့္ အတူ ရွာေဖြကယ္ဆယ္ေရး ပူးေပါင္းေဆာင္႐ြက္လွ်က္ ရွိပါသည္။

Unicode

9.8.2019 နံနက် အစောပိုင်းက မွန်ပြည်နယ် မုတ္တမမြို့ သဲဖြုကုန်း ရပ် ရန်ကုန်-မော်လမြိုင်သွား လမ်းမကြီးဘေးရှိ တောင်ပြိုကျမှုကြောင့် ကားများ နေအိမ်များ မြေပိကာ အရေအတွက် မခန့်မှန်းနိုင်သေးသော လူများစွာ အရှင်လတ်လတ် မြေပိနေမှု ဖြစ်ပွားခဲ့ပါသည်။

မော်လမြိုင်မြို့ နှင့် မုတ္တမ ရေးကြီးနေ၍ တံတားပိတ်ထား၍ ကားတန်းများရပ်တန့်ထားစဉ် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကားများရော အိမ်များပါ မြေပိမှု ဖြစ်ပွားခဲ့သည်ဟု ပြောသည်ကို သိရပါသည်။

ရန်ကုန်-မော်လမြိုင်လမ်းလဲ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပါသည်။ ယခုချိန်ထိ လမ်းပွင့်ဖို့ မလွယ်သေးပေမဲ့ တာဝန်ရှိသူများမှ လမ်းအမြန်ပွင့်ရေး ကြိုးစားဆောင်ရွက်နေကြပါသည်။

မြေကြီးအောက်မှ လက်ရှိနောက်ဆုံးသတင်းအရ သေဆုံးသူ ၁၀ ဦးခန့် ရှိထားပြီး လူပေါင်းများစွာ ဆေးရုံသို့ ပို့ဆောင်ထားရပါသည်။ လက်ရှိ လဲ တပ်မတော် ရဲတပ်ဖွဲ့ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံမှ

ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေလျှက် ရှိပါသည်။ မြေကြီးအောက်တွင် ပိမိနေသည့် အိမ် ကား လူများစွာကျန်ရှိနေသေး သည်ဟုလည်း ဒေသခံများထံမှ သိရပါသည်။

ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်နေမှုများ ဆောင်ရွက်နေကြရပါသည်။ ဝဋ်ကြွေးများရှိလျှင် ကြေကြပါစေ။ အသက်ရှင်လျှက် အမြန်ဆုံးရှာဖွေ တွေ့ရှိနိုင်ကြပါစေ။

ကျွန်တော်တို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှလည်း သြဝါဒါစရိယ ဓမ္မနန္ဒီဆရာတော် ဦးဆောင်ပြီး ပိမိနေသည့် လူများစွာ၏ အသက်ကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး အခြားအသင်းအဖွဲ့များစွာတို့နှင့် အတူ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *