Red Dot ကုမ္ပဏီကြောင့် ငွေကြေးဆုံးရှုံးမှုများရှိဟု ကိုယ်စားလှယ်များပြောပြီ

အီလက်ထရွန်နစ်ဖုန်း ဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှု ကုမ္ပဏီ Red Dot သည် ဖေဖော် ၀ါရီ ၄ ရက်ကစတင်၍ ရုံးခန်း ပိတ်သိမ်းကာ ထွက်ပြေးတိမ်း ရှောင်သွားကြောင်း ယင်းကုမ္ပဏီ နှင့် လက်တွဲအလုပ်လုပ်ကိုင်နေ သည့်ကိုယ်စားလှယ်များက ပြော သည်။

အဆိုပါ Red Dot ကုမ္ပဏီ ၀န်ထမ်းများသည် ဖေဖော်ဝါရီ ၁ ရက်အထိ ရုံးတက်ခဲ့ကြသော် လည်း ဖေဖော်ဝါရီ ၄ ရက် (တနင်္လာနေ့)တွင် ရုံးတက်ရောက် ခြင်းမရှိတော့ဘဲ တိမ်းရှောင်သွား သည်ဟု ယင်းကုမ္ပဏီရုံးခန်း ဖွင့်လှစ်သည့် ဒဂုံမြို့နယ် ယော မင်းကြီးလမ်းရှိ York Center မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

Red Dot နှင့်ပူးပေါင်း၍ ဖုန်းဘီလ်ဖြည့်သွင်းခြင်း ၀န် ဆောင်မှု လုပ်ကိုင်နေသူကိုယ် စားလှယ် ၁၂ ဦးကို 7Day Daily က ယမန်နေ့တွင် မေးမြန်းရာ စက်တန်ဖိုးကျပ်ခုနစ်သောင်းခွဲ အပြင် ဘီလ်ပြန်လည်ရောင်းချရန် ဖြည့်သွင်းထားသည့် ကြိုတင်ငွေ များဆုံးရှုံးခဲ့သည်ဟုဆိုသည်။

Red Dot ကုမ္ပဏီနှင့် လက် တွဲလုပ်ကိုင်ခြင်းကြောင့် ဆုံးရှုံး ခဲ့သည့်ငွေကြေးပမာဏနှင့် ပတ် သက်၍ ကိုယ်စားလှယ်တစ်ဦးက အွန်လိုင်းစစ်တမ်းတစ်ခုပြုလုပ်ခဲ့ ရာ ကိုယ်စားလှယ် ၁၀၁ ဦးပါဝင် ဖြေဆိုခဲ့သည်။ စစ်တမ်းအရ ကိုယ်စားလှယ်များ၏ ၄၀ ရာခိုင် နှုန်းကျော်သည် ကျပ်တစ်သိန်းနှင့် နှစ်သိန်းကြားဆုံးရှုံးခဲ့သည်။

ကျပ်နှစ်သိန်းနှင့် အထက် ငွေကြေးဆုံးရှုံးသူအရေအတွက် ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး ကျပ် တစ်သိန်းမှ ကျပ်ငါးသောင်းအ ကြားငွေကြေးဆုံးရှုံးသူ ၃၀ ရာခိုင် နှုန်းခန့်ရှိခဲ့သည်။

လက်ရှိအချိန်၌ ငွေကြေးဆုံး ရှုံးခဲ့သည့် ကိုယ်စားလှယ်များ သည် ကုမ္ပဏီကို တရားစွဲရန် အွန် လိုင်းပေါ်တွင် အချင်းချင်းစည်းရုံး စုစည်းနေသည်။ ‘‘သူများတရား စွဲမှ စာချုပ်ရေးယူပြီး သွားရတော့ မှာပဲ’’ ဟု သာကေတမြို့နယ်မှ ကိုယ်စားလှယ် ဦးလွှမ်းမိုးက ပြော သည်။

‘‘ရဲစခန်းမတိုင်ဘူး။ ရုံးပေါ် တက်ပြီး ထုခွဲပစ်ချင်တာ’’ ဟု ကျပ် ရှစ်သောင်းခွဲနှင့် စက်ဖိုးကျပ်ခုနစ် သောင်းခွဲဆုံးရှုံးခဲ့ရသည့် မင်္ဂလာ ဒုံမြို့နယ်မှ ကိုယ်စားလှယ် ကိုစည်သူက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက် ညနေ ပိုင်းတွင် Red Dot ကုမ္ပဏီရုံးချုပ် တည်ရှိသည့် York Center (ယောမင်းကြီးလမ်း)သို့ ငွေကြေး ဆုံးရှုံးခဲ့သည့် ကိုယ်စားလှယ်အ ချို့ လာရောက်စုံစမ်းခဲ့သော် လည်း အဆိုပါစင်တာသည် Red Dot ကုမ္ပဏီပိတ်သိမ်းသွား ကြောင်း စုံစမ်းလိုပါက Red Dot ကုမ္ပဏီဖုန်းနံပါတ် 09-44410 5550 သို့ဆက်သွယ်ရန် စာထုတ် ပြန်ခဲ့သည်။ အဆိုပါဖုန်းနံပါတ် နှင့် ကုမ္ပဏီ၏ဖုန်းနံပါတ်များသို့ 7Day Daily သတင်းစာက ဆက် သွယ်သော်လည်း ဆက်သွယ်မှု မရပေ။

7Day Daily သတင်းစာ၏ စုံစမ်းမှုအရ Red Dot ကုမ္ပဏီ သည် ရန်ကုန်ရုံးချုပ်တစ်ခုတည်း ကိုသာ ပိတ်သိမ်းခြင်းမဟုတ်ဘဲ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် နယ်မြို့အများအပြား၌ ဖွင့်လှစ်ထားသည့် ရုံးခွဲများကိုပါ တစ်ရက်တည်း ပြိုင်တူပိတ်သိမ်း ခဲ့ခြင်းဖြစ်သည်။

အီလက်ထရွန်နစ် ဘီလ် ဖြည့်သွင်းရာတွင် အသုံးပြုသည့် Red Dot စက်များသည် ၂၀၁၈ အောက်တိုဘာကစတင်ကာ ကွန် ရက်ချိတ်ဆက်နိုင်ခြင်းမရှိသဖြင့် စက်ပစ္စည်းတန်ဖိုးနှင့် ကြိုတင် ဖြည့်သွင်းထားသည့်ငွေများကို ပြန်လည်ထုတ်ပေးရန် တောင်းဆို ခဲ့သော်လည်း ကုမ္ပဏီကလက်ခံ ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း ငွေကြေးဆုံးရှုံးခဲ့သည့် မွန်ပြည် နယ်မှ Red Dot ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ကိုအောင်ဇော် ထွေးက ပြောသည်။

ဆက်သွယ်ရေးအော်ပရေ တာအူရီးဒူးအနေဖြင့် ၎င်းတို့သည် ယခင်က Red Dot ကုမ္ပဏီနှင့် ဘီလ်ဝန်ဆောင်မှုကို ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၈ ဒီဇင်ဘာကစတင်၍ လက်တွဲ ဆောင်ရွက်ခြင်းမရှိတော့ကြောင်း အော်ပရေတာပြန်ကြားရေးအရာ ရှိဦးတင့်နိုင်ထွဋ်က ပြောသည်။

Red Dot နှင့်ပတ်သက်၍ စားသုံးသူတိုင်တန်းမှုသည် အရေ အတွက်နှစ်ခုရှိကြောင်း၊ တိုင် ကြားရသည့်အကြောင်းရင်းမှာ သာမန်မကျေနပ်မှုသာဖြစ်ပြီးယခု ကဲ့သို့ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရောက်ရှိမလာသေးကြောင်း စား သုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမြင့်ချိုကလည်းပြော သည်။

Red Dot ကုမ္ပဏီရုံးချုပ်ဖွင့် လှစ်ခဲ့သည့် York Center ၀န် ထမ်းတစ်ဦး၏အဆိုအရ အဆိုပါ ကုမ္ပဏီသည် ရုံးခန်းငှားရမ်းခကို တစ်နှစ်စာအထိ ပေးသွင်းခဲ့ခြင်း မရှိဘဲ တိမ်းရှောင်ခဲ့ခြင်းဖြစ် သည်။

ကုမ္ပဏီ၏လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး ကုမ္ပဏီကို ရောင်းချရန် စီစဉ်နေသည်ဟု ကုမ္ပဏီစီအီးအိုက ပြောကြောင်း အရောင်းဒါရိုက်တာ ကိုမောင် မောင်သန်းက ပြောသည်။ ကုမ္ပဏီရောင်းပြီးပါက ကိုယ်စားလှယ်များ ကို ငွေပြန်ပေးမည်ဟု စီအီးအိုက ဆိုကြောင်း၊ သို့သော် ထိုအချက် ကိုလည်း ၅၀ ရာခိုင်နှုန်းသာ ယုံ ကြောင်း ကိုမောင်မောင်သန်းက ဆိုသည်။ ဝန်ထမ်းများကို လျော် ကြေးနှင့် ဇန်နဝါရီလအထိ လစာ များပေးခဲ့ပြီး အကြီးတန်း အရာရှိ များကိုသာ ဇန်နဝါရီလစာမပေး နိုင်သေးကြောင်း ၎င်းက ဆက် ပြောသည်။

Red Dot ကုမ္ပဏီတွင် ကိုယ် စားလှယ် နှစ်သောင်းကျော်ရှိ သည်။ Red Dot ကုမ္ပဏီ၏ အဓိ ကမိတ်ဖက်များမှာ ဆက်သွယ် ရေးအော်ပရေတာလေးခုဖြစ်ပြီး အခြားမိတ်ဖက်များအဖြစ် Viber, Ananda, iflix, Viu, ဘဏ်အချို့ ပါဝင်သည်။ အဆိုပါကုမ္ပဏီ သည် ၂၀၁၄ တွင် စတင်ထူ ထောင်ခဲ့ပြီး ၂၀၁၅ ဇန်န၀ါရီတွင် လုပ်ငန်းစတင်ခဲ့သည်။

Red Dot သည် အီလက်ထ ရွန်နစ်ဘီလ်ဖြည့်သွင်းခြင်း ၀န် ဆောင်မှုအပြင် မီတာဘီလ်ပေး ဆောင်ခြင်းနှင့် ဗေဒင်ကဲ့သို့သော ၀န်ဆောင်မှုများအတွက် Red Dot Pay ၀န်ဆောင်မှုကိုလည်း လုပ်ကိုင်နေသည်။

Credit – 7days

Leave a Reply

Your email address will not be published. Required fields are marked *