ဟောလိဝုဒ်စတားတွေလို သွားတွေကို ဖြူဖွေးတောက်ပြောင်စေမယ့် နည်းလမ်း ၉ သွယ်

သွားတွေဟာ သင့်ရဲ့ လှပတဲ့အပြုံးတွေဖြစ်အောင် ပံ့ပို့ပေးမယ့် အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ဟောလိဝုဒ်သရုပ်ဆောင်တွေဟာ သူတို့သွားကျန်းမာရေးကို အမြဲဂရုစိုက်ပြီး သွားတွေ ဖြူဖွေးလှပအောင်ထားတတ်ပါတယ်။ဒီတော့ ဟောလိဝုဒ်စတားတွေလို ကိုယ့်ရဲ့ ဝါကျင်နေတဲ့သွားတွေ ဖြူဖွေးတောက်ပလာဖို့ နည်းလမ်း ၉ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1.နနွင်းမှုန့်နဲ့ အုန်းဆီ

လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် နနွင်းမှုန့်ကို ခွက်အလွတ်တစ်လုံးထည့်ပါ။ပြီးရင် အုန်းဆီ အစက် သုံးစက်လောက်ချပြီး သင်အသုံးပြုနေကျ သွားပွတ်တံနဲ့ သမအောင်မွှေပြီး နေ့စဉ်တိုက်ပေးမယ်ဆိုရင် သွားရဲ့ ကြွေလွှာတွေ တောက်ပြောင်သွားမှာဖြစ်ပြီး ခံတွင်း အနံ့ဆိုးထွက်ခြင်းမှလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။

2.သဘာဝ လက်ဖက်ဆီ

သဘာဝလက်ဖက်ဆီစစ်စစ်ကို ရေဖန်ခွက်ရှိတဲ့အထဲကို အစက် ၅ စက်လောက်ချပြီး အဲ့ဒီရေနဲ့ သွားကိုပွတ်တိုက်ပေးမယ်ဆိုရင် သွားတွေ ဖြူဖွေးတောက်ပြောင်လက်လာမှာဖြစ်ပါတယ်။နှုတ်ခမ်းကို ပွတ်ပေးမယ်ဆိုရင်တော့ သွေးကြောလေးတွေကောင်းမွန်ပြီး ပန်းနုရောင်နှုတ်လေးကို ရရှိစေမှာဖြစ်ပါတယ်။အမြဲတမ်းပြုလုပ်စရာမလိုပဲ တပတ်မှာ တကြိမ်လောက်သာ ပြုလုပ်ရန် လိုအပ်ပါတယ်။

3.စတော်ဘယ်ရီ အနှစ်

လတ်ဆတ်တဲ့ သဘာဝစတော်ဘယ်ရီ 5 လုံးလောက်ကို ကြိတ်ချေပြီး ဆားအနည်းငယ်ရောကာ ၁၅ မိနစ်လောက်ပြီး အဲ့ဒါနဲ့ သွားကို ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ပြီးရင်ချက်ချင်း ပလုပ်မကျင်းပဲ ၅ မိနစ်လောက်ထားပြီးမှ ပလုပ်ကျင်းရမှာဖြစ်ပါတယ်။၂ ပတ်ကို တကြိမ် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဖြူဖွေးဝင်းလက်တဲ့ သွားတွေကို ပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

4.အုန်းဆီ

သွားမတိုက်ခင် ၁၅ မိနစ် လောက်အလိုမှာ သွားကို အုန်းဆီပွတ်လိမ်းပေးပြီးမှ သွားတိုက်မယ်ဆို သွားဝါကျင်မှု ပျောက်ကင်းစေပြီး ဖြူဖွေးလာမှာဖြစ်ပါတယ်။တပတ်ကို ပုံမှန် အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

5.သန့်စင်ထားသော မီးသွေးမှုန့်

သန့်စင်ထားတဲ့မီးသွေးမှုန့်ကို ရေအနည်းငယ်ရောပြီး သွားကို ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။၃ မိနစ်လောက်ကြာမှ ပလုပ်ကျင်းပေးရဖြစ်ပြီး တပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက်ပြုလုပ်ပေးမယ်ဆိုရင် သွားများဖြူဖွေးတောက်ပလာမှာဖြစ်ပါတယ်။

6.ငှက်ပျောခွံ

ငှက်ပျောခွံဟာ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး သွားဝါကျင်တာ၊ဂျိုးတက်တာ၊ကျောက်တည်တာတို့ကို ပျောက်ကင်းစေမှာဖြစ်ပါတယ်။ငှက်ပျောခွံကို သွားရဲ့ အတွင်းပိုင်းတွေအထိပါ ၅ မိနစ်ကနေ ၇ မိနစ်ထိ တိုက်ပေးရမှာဖြစ်ပြီး နှုတ်ခမ်းကိုပါ ပွတ်တိုက်ပေးမယ်ဆိုရင် နှုတ်ခမ်းညိုမဲခြင်းကိုပါ သက်သာစေမှာဖြစ်ပါတယ်။

7.ခံတွင်းရှင်းစေတဲ့ သံပရာ

သံပရာသီးတလုံးကို ဆားအနည်းငယ်ရောပြီး ပလုတ်ကျင်းတာ သွားတိုက်တာ ပြုလုပ်ပေးမယ်ဆိုရင် ခံတွင်း အနံ့ဆိုးကို သက်သာပျောက်ကင်းစေမှာဖြစ်ပြီး ဆားရဲ့ ဖလိုရိုက်ပါဝင်ကြောင့် သွားကို ခိုင်မာစေမှာဖြစ်ပါတယ်။သံပရာသီးရဲ့ အက်ဆစ်ပျော့က သွားအပေါ်ယံက အရောင်ညစ်ညစ်တွေကို တိုက်စားပေးမှာလည်းဖြစ်ပါတယ်။

8. ပူစီနံရွက်

ပူစီနံဟာ ဆေးဖက်ဝင်အပင်တပင်ဖြစ်ပြီး သွားကျန်းမာရေးနဲ့ သွားတွေဖြူဖွေးတောက်ပမှုအတွက်လည်း ကူညီပံ့ပိုပေးနိုင်ပါတယ်။ပူစီနံကို ကြိတ်ပြီး သွားကို ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ပွတ်ပေးထားပြီးမှ ပုံမှန်သွားတိုက်မယ်ဆို သွားတွေ ကြံ့ခိုင်သန်မာပြီး ဖြူဖွေးတောက်ပစေမှာ ဖြစ်ပါတယ်။

9.ရှားစောင်းလက်ပတ်

လတ်ဆတ်တဲ့ရှားစောင်းလက်ပတ် ဒါမှမဟုတ် သူ့ထဲမှာပါတဲ့ ဂျယ်လီကို သုံးပြီး သွားတွေကို နေရာလပ်မကျန် ပွတ်တိုက်ပေးပြီး ၅ မိနစ်လောက်ထားပြီးမှ ပလုပ်ကျင်းပေးမယ်ဆိုရင် ဖြူဖွေးတဲ့သွားတွေနဲ့ တောက်ပတဲ့ အပြုံးတွေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *