






အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)..crd…myanmar family life

Unicode >>>

လမ်းခွဲတာ ဝမ်းနည်းစရာမဟုတ်ပါ – အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)..အခြေအနေတစ်ခုကြောင့် …မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်ဝမ်းနည်းစရာ မလိုသလိုပြန်ပြီးလည်း မမျှော်လင့်ပါနဲ့

ရေစက်ရှိလို့ ဆုံခဲ့ကြပြီးကံကုန်ရင် လမ်းခွဲကြရမယ် …ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်~~~ဘဝရဲ့လှည့်ကွက်တွေအောက်မှာတစ်ယောက်နဲ့ တစ်ယောက်မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး..မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင် ထင်မှတ်မထားတဲ့

အခြေအနေတွေကြောင့်လည်းတစ်ယောက်နဲ့ တစ်ယောက်ဝေးကွာသွားကြရတာပါပဲ…တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက်…တစ်ယောက်ကို တစ်ယောက်ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ….အနားမှာ ထွက်ခွါသွားသူကိုကျေးဇူးတင်လိုက်ပါ …သူကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ

ဘဝဆိုတာ …?ကိုယ်က ချစ်နေပြန်တော့လည်းတစ်ဖက်သားက မုန်းနေပြန်တတ်တယ်…ကိုယ်က မုန်းနေပြန်တော့လည်းတစ်ဖက်သားက ချစ်နေပြန်တတ်တယ်…ချစ်ခြင်းမုန်းခြင်းတွေအောက်မှာသိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့…တွေ့ကြဆုံကြ ခဏလေးပါ

နေရတဲ့အချိန်လေးမှာကိုယ့်ကြောင့်လည်း သူတစ်ပါး စိတ်မဆင်းရဲစေနဲ့…သူတစ်ပါကြောင့်လည်းကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့…ကိုယ့်ကိုယ်ကို အေးချမ်းစွာနေရင်းဘဝလမ်းခရီးကို အကောင်းမြင်တတ်တဲ့ မျက်လုံး…စာနာတတ်တဲ့ နှလုံးသားကူညီတတ်တဲ့ လက်တစ်စုံနဲ့လျှောက်လှမ်းကြပါ

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Leave a Reply

Your email address will not be published. Required fields are marked *